မိုဘိုင်းဖုန်းသုံးနေတဲ့အချိန် မိုကြိုးအပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆလွဲမှားနေတယ်လို့ ဆို
မိုဘိုင်းဖုန်းတွေက ပါဝါနိမ့်တဲ့ ကိရိယာတွေဖြစ်လို့ မိုးကြိုးအပစ်မခံရနိုင်ဘူးလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးရွာပြီးလျှပ်စီးလက်နေတဲ့အချိန် မိုဘိုင်းဖုန်းသုံးစွဲနေရင် မိုးကြိုးအပစ်ခံရနိုင်တယ်ဆိုအယူအဆ လွဲမှားနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ မိုဘိုင်းဖုန်းတွေက ပါဝါနိမ့်တဲ့ ကိရိယာတွေဖြစ်လို့ မိုးကြိုးပစ်ခံရနိုင်တဲ့ ထူးခြားချက်တွေ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့မြေပေါ်၊ မြေအောက်လိုင်းကြိုးတွေမှာတော့ မိုးတိမ်တောင်တစ်ခုဖြစ်ပေါ်နေတုန်း လျပ်စစ်စီးကြောင်း စီးကူးမှုအတွက် လုံခြုံမှုမရှိဘူးလို့ သိရပါတယ်။ ၀ါယာကြိုး ကီလိုမီတာရာပေါင်းများစွာက လေထဲမှာရှိနေကြပြီး မြေအောက်ကြိုးတွေကနေ တစ်ဆင့် အိမ်ထဲကို ဆက်သွယ်ထားတဲ့အတွက် တစ်နေရာရာမှာ မိုးကြိုးပစ်မှုဖြစ်တိုင်း လျပ်စစ်စီးကြောင်းတွေက တယ်လီဖုန်းကေဘယ် ကြိုးတွေကတစ်ဆင့် ဆက်သွယ်ထားတဲ့ ကိရိယာတွေကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိုးကြိုးအပစ်ခံရနိုင်တဲ့ အနေအထားတွေကတော့ အိမ်အပြင်မှာရောက်နေတဲ့သူတစ်ဦးက ကုန်းမြင်တစ်ခုအပေါ်ကို ရောက်နေရင်၊ ကွင်းပြင်တစ်ခုမှာ ရောက်နေရင်၊ ရေပြင်တစ်ခုနားမှာရောက်နေရင်၊ သစ်ပင်နဲ့ အခြားမြင့်မားတဲ့ ထိုးထိုးထောင်ထင်ပစ္စည်း တစ်ခုနားကိုရောက်နေရင်၊
သတ္ထုအဆောက်အဦ တစ်ခုခုနားကို ရောက်နေတဲ့အချိန်တွေမှာ မိုးကြိုးအပစ်ခံရနိုင်တဲ့ အလားအလားမြင့်မားတတ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။ ကမ္ဘာပေါ်မှာ တစ်စက္ကန်တိုင်း မိုးတိမ်တောင် ၂၀၀၀ လောက်နဲ့ မိုးကြိုးပစ်မှု ၁၀၀ လောက်ဖြစ်နေတယ်လို့ သိရပါတယ်။
www.7techlover.com
Source : U Tun Lwin Facebook
Photos : MBT


Post a Comment