၁။ ဈေးကွက်ကို နားလည်အောင် ကြိုးစားပါ။
ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ဖို့ဆိုရင် ဈေးကွက်ကို သေချာသိဖို့လိုပါတယ်။ ကိုယ့်စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အတွင်းကျကျ လေ့လာထားဖို့ လိုပါတယ်။ လုပ်ငန်းနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို Google မှာရိုက်ရှာပြီး လေ့လာထားပါ။ ဈေးကွက်က အခြေအနေမကောင်းလို့လဲ စိတ်ဓာတ်မကျပါနဲ့။ အဲဒိအခြေအနေကို အသုံးချပြီး အကျိုးအမြတ်ရအောင် ဖန်တီးယူလို့ ရပါတယ်။ သင်တကယ် အလုပ်လုပ်ဖို့ပဲ လိုပါတယ်။
၂။ သေချာတဲ့ အမြတ်ငွေပမာဏကို ကြိုတင်တွက်ချက်ထားပါ။
ခြောက်လ တစ်ခါ အမြတ်ငွေပမာဏ ဘယ်လောက်ကျန်ရမယ်ဆိုပြီး ကြိုတင်တွက်ထားပါ။ အဲ့လို အမြတ်ငွေ တကယ်ရဖို့ ဘာတွေ လိုအပ်တယ်ဆိုတာကိုလဲ သေချာသိအောင် လုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်တွေ ထားပြီး တကယ်ဖြစ်လာအောင် ကြိုးစားနေရမှာလဲ ဖြစ်ပါတယ်။
၃။ Customer တွေကို အလေးထားပါ။
ထုတ်ကုန်ရောင်းတဲ့ လုပ်ငန်းအတွက်ဖြစ်စေ ၊ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအတွက်ပဲ ဖြစ်စေ၊ Customer တွေက အရေးကြီးဆုံးပဲဖြစ်ပါတယ်။ Customer တွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှသာ သင့်လုပ်ငန်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။ Customer တွေရဲ့ စိတ်ကျေနပ်မှုကြောင့် သင့်လုပ်ငန်းက နာမည်ကောင်းတွေ ရလာနိုင်ပါတယ်။
လူအများစုဟာ အကုန်ပြည့်စုံအောင် ပြင်ဆင်ပြီးမှ လုပ်ငန်းတစ်ခုကို စတင်ချင်ကြပါတယ်။ လုပ်ငန်းရဲ့ Logo, Website … အစရှိတဲ့ အရာတွေကို Perfect ဖြစ်အောင် ပြင်ဆင်နေရင်း အချိန်ကုန်နေတတ်ပါတယ်။ ဝန်ဆောင်မှု ပေးနိုင်အောင်သာ အဓိကပြင်ဆင်သင့်ပါတယ်။ အကုန်ပြည့်စုံနေတဲ့ လုပ်ငန်းတစ်ခုဆိုတာ မရှိပါဘူး။ လုပ်ငန်းလည်ပတ် နေတဲ့ အချိန်မှသာ တဖြည်းဖြည်း တိုးတက်လာအောင် ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။
www.7techlover.com Linn Linn Maung (Myanmar Leaders)
Post a Comment