Header Ads

header ad

လူငယ် တို့ ရဲ့ စိတ်ကျန်းမာရေးကို ပျက်ယွင်းစေသည့် အဆိုးဝါးဆုံး ဆိုရှယ်မီဒီယာ အဖြစ် Instagram သတ်မှတ်ခံရ


စိတ်ထိခိုက်မှုအများဆုံးက အမျိုးသမီးတွေ ဖြစ်ပါတယ်။လူမှုကွန်ယက် ဟာ ခေတ်သစ်လူမှုဆက်ဆံရေးမှာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး tool တစ်ခုဆိုပေမယ့် ဘေးထွက်ဆိုးကျိုးများစွာ သယ်ဆောင်လာတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ယူကေနိုင်ငံ ပြည်သူ့ ကျန်းမာရေးအစီအစဉ်အတွက် တော်ဝင်အသင်းမှ ကောက်ခံတဲ့ အစီရင်ခံစာထဲမှာ Instagram ဟာ လူငယ်လူရွယ် များရဲ့ စိတ်ဓါတ်ကျန်းမာရေးကို အဆိုးဝါးဆုံး ထိခိုက်နိုင်တဲ့ အက်ပလီကေးရှင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
RSPH လို့ ခေါ်တဲ့ ယူကေ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ တော်ဝင်အသင်းရဲ့ #StatusofMind လေ့လာမှုမှာ အသက် ၁၄ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်ပေါင်း ၁၄၇၉ ဦး ပါဝင်ခဲ့ပြီး ဆိုရှယ်မီဒီယာ များရဲ့ ကျန်းမာရေးပေါ် သက်ရောက်မှုရှိပုံကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ ဆိုရှယ်မီဒီယာများဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်တဲ့ စိတ်ရှုပ်ထွေးခြင်း ၊ စိတ်ဓါတ်ကျခြင်း ၊ ကိုယ့်ရဲ့ ပကတိအနေအထားကို နားလည်မှုမှားခြင်းနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးပိုင်းမှာပါ ပြဿနာရှိခဲ့တယ်လို့ တွေ့ ခဲ့ပါတယ်။
Instagram ဟာ ကမ္ဘာပေါ်မှာ သုံးစွဲသူ သန်း ၇၀၀ကျော် ရှိတဲ့ ဓါတ်ပုံ မျှဝေရာ ပလက်ဖောင်းဖြစ်ပြီး Instagram ကြောင့် စိတ်ထိခိုက်မှုအများဆုံး ကြုံတွေ့ ကြတာကတော့ အမျိုးသမီး တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်ရွယ်သူအမျိုးသမီးများဟာ Instagram ပေါ်ကနေ သဘာဝမကျတဲ့ နှိုင်းယှဉ်မှုတွေ ၊ ပလွှားကြွားဝါမှုများနဲ့ ပုံဖျက်ပြီး ဖိုတိုရှော့ဖ်နဲ့ အလှပြင်မှုတွေ ဖြစ်စေခဲ့တယ်လို့ လည်း အစီရင်ခံစာရေးသူ မတ်ကာရာချာက ဆိုပါတယ်။
ဒီလေ့လာမှုအရ Instagram ၊ Snapchat ၊ Facebook နဲ့ Twitter တို့ ဟာ လူငယ်များရဲ့ စိတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိနေပြီး YouTube ကတော့ အပြုသဘောသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ RSPH အသင်းအနေနဲ့ Twitter နဲ့ Facebook လိုမျိုး လူမှုကွန်ယက် များမှာ အလွန်အကျွံ အချိန်မဖြုန်းဖို့ သတိပေးနေကြပါတယ်။

No comments

Powered by Blogger.