Header Ads

header ad

ဖျက်လိုက်ပြီးသား Iphone App တွေကို အလွယ်တကူ Install ပြုလုပ်နည်း



ဖျက်လိုက်ပြီးသား App တွေကို App Sotre ကနေပဲ အလွယ်တကူ Install ပြုလုပ်နိုင်ပါတယ်။


App ရဲ့ နာမည်ကို မမှတ်မိတာမျိုး၊ ဒါမှမဟုတ် App နာမည်ကို ရိုက်ထည့် ပြီး ရှာတာမျိုးတွေ ထပ်လုပ်စရာ မလိုဘဲနဲ့ reinstall ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ထည့်သွင်းထားတဲ့ App တွေအပြင် ၀ယ်ယူထားတဲ့ App တွေကို reinstall ပြန်လုပ်မယ်ဆိုရင်လည်း ပိုက်ဆံထပ်ပြီး ပေးစရာမလိုဘဲနဲ့ ထည့်သွင်းနိုင်ပါတယ်။

ဖျက်လိုက်ပြီးသား App တွေ ကို reinstall ပြန်လုပ်ဖို့ အရင်ဆုံး App Store ကို ဖွင့်လိုက်ပါ။

App Store ပွင့်လာရင်တော့ မြင်ကွင်းရဲ့ ညာဘက်အောက် ထောင့်နားက Updates ဆိုတာကို နှိပ်ပါ။



Update ကိုနှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ App တွေကို မြင်တွေ့ရမှာဖြစ်ပြီး မြင်ကွင်းအပေါ်နားဘက်နားက Purchased ကို နှိပ်လိုက်ပါ။



ဒါဆိုရင်တော့ ကိုယ့် Download ပြုလုပ်ထားတဲ့ အခမဲ့ နဲ့ အခပေး App နဲ့ ဂိမ်းတွေ ပေါ်လာမှာဖြစ်ပြီး Not on This iPhone ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။



Not on This iPhone ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ ဖုန်း ထဲမှာ install မလုပ်ထားတဲ့ တစ် နည်းကိုယ့်အနေနဲ့ ဖျက်ပြီးသားဖြစ်တဲ့ App တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီထဲက ကိုယ့်အ နေနဲ့ reinstall ပြန်လုပ်ချင်တဲ့ App ကိုရွေးပါ။



ပြီးရင်တော့ ပုံမှာပြထားတဲ့အ တိုင်း Cloud icon ကိုနှိပ်လိုက်ပါ။



ဒါဆိုရင်တော့ ဖုန်းထဲကို App ကို ပြန်လည် ထည့်သွင်းပေးသွား မှာဖြစ်ပါတယ်။



Credit to ==> Internet Journal
Monetize your website traffic with yX Media

No comments

Powered by Blogger.