အင်တာနက်သုံးလို့ မရတဲ့ စမတ်ဖုန်း ထုတ်လုပ်
စမတ်ဖုန်းတွေဟာ လူတွေရဲ့ ဘဝမှာ ဘက်စုံ သုံးဖြစ်ပါတယ်။ မရင်းနှီးတဲ့  နေရာကိုသွားရင် လမ်းညွှန်အဖြစ်သုံးတယ်။ သတင်းအချက်အလက်တွေကို ကြည့်တယ်။ ဒါ့အပြင် ပိုမိုတိုးပွားလာတဲ့ အက်ပ်တွေကိုသုံးပြီး လူတွေနဲ့ အမြဲထိတွေ့နိုင်ပါတယ်။ သည်လိုရှုပ်ထွေးမှုကို မလိုချင်ပေမဲ့ အဆက်အသွယ်မပြတ်ဘဲ နေချင်တဲ့ သူတွေအတွက် ရိုးရှင်းတဲ့ စမတ် ဖုန်းသစ်တစ်ခုကို ထုတ်လုပ်ထားပါတယ်။
ခရက်ဒစ်ကတ်အရွယ်သာရှိတဲ့ လိုက်ဖုန်း (The Light Phone) ဟာ သူ့ဖန်ရှင်တွေကို ချုံ့ထားပါတယ်။ ဖုန်းခေါ်နိုင် လက်ခံနိုင်တယ်။ ဖုန်းနံပါတ် ကိုးခုအထိ လက်ခံနိုင်တယ်။ အချိန်သိနိုင်တယ်။ ဒါပါပဲ။ မက် ဆေ့ခ်ျပို့လို့၊ လက်ခံလို့ မရဘူး။ အီးမေးလ်နဲ့ တခြားအရာ ဘာမှမပါဘူး။ စမတ်ဖုန်းတစ် ခုနဲ့ ချိတ်ဆက်နိုင် တဲ့ ဘလူးတုသ်တောင် မပါပါဘူး။
သုံးစွဲသူတွေဟာ အကောင့်တစ်ခု ဖွင့်၊ တခြား စမတ်ဖုန်းနဲ့ အက်ပ်တစ်ခုကို ထည့်သွင်းပြီး အဝင် ကောလ်၊ အထွက်ကောလ်တွေကို သည်ဖုန်းဆီလွှဲလို့ ရပါတယ်။ သဘောက သုံးစွဲသူတွေဟာ နောက်ဖုန်း နံပါတ်တစ်လုံး မှတ်စရာမလိုတော့ပါဘူး။

လိုက်ဖုန်းမှာ ဆင်းမ်ကတ်ပါဝင်ပြီး တူးဂျီဂျီအက်စ် အမ်ကွန်ရက်တွေမှာ အလုပ်လုပ်ပါတယ်။ (သုံးစွဲသူတွေဟာ ဝန်ဆောင်မှုအတွက် တစ်လကို ငါးဒေါ်လာ ပေးဆောင်ရပါမယ်)။ ကုမဏီရဲ့ အဆိုအရ ဖုန်းဟာ အသင့်အနေအထားနဲ့ သုံးရက် ပါဝါဖွင့်ထားနိုင်ပြီး အန်းဒရွိုက်ဗားရှင်းကို အခြေခံအကျဆုံးသုံးစွဲထားတယ်လို့ ဆိုပါတယ်။ အရောင်က အဖြူနဲ့အနက် ရှိပါတယ်။
အခုအ ချိန်မှာ သည်ဖုန်း ကို ဒေါ်လာ ၁၅၀ နဲ့ မှာယူနိုင်ပေမဲ့ အခု အမေရိကန်မှာသာ ရရှိနိုင်ပါသေး တယ်။
အခုအ ချိန်မှာ သည်ဖုန်း ကို ဒေါ်လာ ၁၅၀ နဲ့ မှာယူနိုင်ပေမဲ့ အခု အမေရိကန်မှာသာ ရရှိနိုင်ပါသေး တယ်။

Post a Comment