Header Ads

header ad

iPhoneကယ်လို့ ဗုံးပေါက်ကွဲမှုမှာ အသက်မသေခဲ့တဲ့ အမျိုးသမီး

Manchester Arena ပွဲကွင်းထဲမှာ ပေါ့ပ်အဆိုတော် အရီယာနာဂရန်ဒဲရဲ့ ရှိုးပွဲအပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ လူ ၂၂ ဦးသေဆုံးပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ လီဆာ ဘရစ်ဂတ်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးကတော့ iPhone ကြောင့် သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။

အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ လီဆာဟာ တနလာင်္နေ့ က မန်ချက်စတာမြို့ လယ်မှာ ကျင်းပတဲ့ အရီယာနာဂရန်ဒဲရဲ့ ပွဲကို သွားအားပေးတဲ့ သူမရဲ့သမီးငယ် အက်ရှ်လိန်း နဲ့ သူငယ်ချင်းတစ်ဦးတို့ ကို လာကြိုတာပါ။ ဒီပွဲအပြီးမှာ ဆယ်လ်မန်အက်ဘ်ဒီလို့ ခေါ်တဲ့ အကြမ်းဖက်သမားဟာ အိမ်လုပ် သံချွန်ဗုံးနဲ့ အသေခံဗုံးခွဲခဲ့ပါတယ်။


ဗုံးပေါက်ကွဲမှုဖြစ်ချိန်မှာ မစ္စလီဆာဟာ ဖုန်းပြောနေတာ ဖြစ်ပါတယ်။ ဗုံးထဲမှာထည့်ထားတဲ့ သံမူလီခေါင်းဟာ သူမဖုန်းကိုင်ထားတဲ့ လက်ကို ဖောက်ဝင်သွားပြီး ဖုန်းကို ထိကာ လမ်းကြောင်း ပြောင်းသွားခဲ့ပါတယ်။ တကယ်လို့ အဲ့ဒီသံမူလီခေါင်းသာ ဘာအတားအဆီးမှ မခံရင် ခေါင်းထဲရောက်ပြီး အသက်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။


 ဗုံးပေါက်ကွဲမှုကြောင့် သူမရဲ့ ခြေကျင်းဝတ်အပါအဝင် ခန္ဓာကိုယ်အောက်ပိုင်းထိခိုက် ဒဏ်ရာများ ရရှိခဲ့ပါတယ်။ မျက်နှာတစ်ဝိုက် မှာလည်း ဒဏ်ရာဒဏ်ချက်များ ရရှိသွားပါတယ်။ သံမူလီခေါင်း တိုက်ရိုက်ထိသွားတဲ့ လက်ချောင်းတွေကတော့ အတော်လေး ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာ ဖြစ်ပေမယ့် အသက်မသေတာကို ပဲ ကံကောင်းတယ်လို့ သူမရဲ့ ယောင်္ကျားက ဆိုပါတယ်။


ဒီဖြစ်ရပ်မှာ ပါခဲ့တဲ့ တစ်ခြား အမျိုးသမီးနှစ်ဦးကတော့ ဘာမှ မထိခိုက်ခဲ့ပါဘူး။ သူမကတော့ လောလောဆယ် မန်ချက်စတာမြို့ ပေါ်မှ ဆေးရုံတစ်ခုမှာ ကုသမှုခံယူနေပါတယ်။ ယခုဖြစ်ရပ်ကို Facebook ပေါ် တင်ခဲ့ရာမှာ ပြန်လည်ဝေမျှသူပေါင်း ၁ သောင်းနဲ့ မှတ်ချက်ပေးသူ ၈၆၀၀ ကျော်ရှိခဲ့ပါတယ်။


မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ ပါဝင်ခဲ့ဖွယ်ရှိတဲ့ လူ၈ဦးကို ဒေသခံရဲများမှ ဖမ်းဆီးခဲ့ပေမယ့် အဓိကဗုံးဖောက်ခွဲသူ ဆယ်လ်မန်အက်ဘ်ဒီ ကတော့ ပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ iPhone ကြောင့် အသက်ရှင်ရတဲ့ ဖြစ်ရပ်ကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်များမှာ တွေ့ ကြုံခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်များက ကောလိပ်ကျောင်းသားတစ်ဦးနဲ့ တူရကီစစ်သားတစ်ဦးတို့ ဟာ အိတ်ကပ်ထဲ ထည့်ထားတဲ့ အိုင်ဖုန်းကြောင့် သေနတ်ကျည်ဒဏ်ကြောင့် အသက်သေရမယ့် ဘေးမှ ကင်းလွတ်ခဲ့ဖူးပါတယ်။

No comments

Powered by Blogger.