ငါးမိနစ် အတွင်း အားသွင်း၍ရသည့် ဖုန်း များကို လာမည့်နှစ်တွင် ဝယ်ယူရရှိနိုင်ခြေရှိ
ငါးမိနစ် အတွင်း အားအပြည့်ဝင် နိုင်သည့် ဘက်ထရီ ပါသော စမတ်ဖုန်း များကို လာမည့်နှစ်တွင် ဝယ်ယူရရှိနိုင် ခြေရှိသည်ဟု သိရသည်။ ယင်း နည်းပညာ ကို အစ္စရေးနည်းပညာကုမ္ပဏီသစ် Sအသမနီသအ က ၂၀၁၅ ခုနှစ်တွင် စတင် ထုတ် ဖော်ပြသခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ယင်း ဖုန်း ကို စတင် ထုတ် လုပ်နိုင်မည်ဟုမျှော်မှန်းထား ကြောင်း ကုမ္ပဏီ အကြီးအကဲ ဒေါ်ရွန် မာစ်ဒေါ့ဖ်က ဆိုသည်။ သို့သော် နည်းပညာ ကျွမ်းကျင်သူ ဘန်ဝုဒ်ကမူ အဆိုပါပြောကြားချက်ကို အပြည့်အဝ မယုံကြည်ပေ။ ထိုနည်းပညာ သုံး ဘက်ထရီ ကိုထုတ်လုပ်ပေးမည်ဟု လက်ခံထားသော ကုမ္ပဏီ များကို ထုတ် ဖော်မပြောနိုင်သေးကြောင်း အထက်ပါ နည်းပညာကုမ္ပဏီက ဆိုသည်။ မိမိတို့ ကုမ္ပဏီ ထုတ် ဘက်ထရီ သည် သမားရိုး ကျမဟုတ်သည့်တုံ့ပြန်မှုများကို လုပ်နိုင် မည်ဖြစ်ပြီး ဘက်ထရီ အားဝင်သည့်နှုန်း တစ်မဟုတ်ချင်းလျင်မြန်မည်ဟု ၂၀၁၅ ခုနှစ်တွင် ယင်း အစ္စရေး ကုမ္ပဏီ က ပြော ကြားထားသည်။ အာရှ ဘက်ထရီ ထုတ် လုပ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းကာ အထက် ပါ နည်းပညာသုံး ဘက်ထရီ များ ကို စမ်းသပ်ထုတ်လုပ်နေပြီး၂၀၁၈ ခုနှစ် ပထမ သုံးလပတ်တွင် စီးပွားဖြစ်ထုတ်လုပ် နိုင်မည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိ သူက ဆက်လက်ပြောကြားသည်။
Ref ; BBC
Credit : pyimyanmarnews.com
Ref ; BBC
Credit : pyimyanmarnews.com

Post a Comment