Header Ads

header ad

Computer Virus ဆိုသည်​မှာ

 

☞☞☞Computer Virus Program များဟာ၁၉၇၁ခုနှစ်လောက်ကစတင်ပြီးပေါ်ပေါက်လာခဲ့ပါတယ်။ Virus ဆိုသည်မှာ လူတို့ဖန်တီးထားသော Program Codes များသာဖြစ်ပါတယ်။ Computer အတွင်းနေရာယူနိုင်ခြင်းနှင့် ပုန်းအောင်းနေတတ်ခြင်း၊ အလိုအလျောက်ထိန်းချုပ်နိုင်ခြင်းစတဲ့အစွမ်း သတ္တိများရှိပါတယ်။ Virus သည်ကလစ်နှစ်ချက်နှိပ်မိပြီးဖွင့်မိခြင်း၊ Selection ပေးပြီး Enter ခေါက်မိသဖြင့် ပွင့်သွားခြင်းများဖြင့်သာ ပွားနိုင်ပါတယ်။ စတင်လုပ်ဆောင်နိုင်ပါတယ်။ ယခု ထွက်ပေါ် လာသော Virus များသည် Key တစ်လုံး(သို့) Key အတွဲလိုက်နှိပ်မိခြင်းအပေါ် မူတည်ပြီး ရေးသားလာ ကြပါတယ်။

☞☞☞ရေးသားသူရဲ့တတ်ကျွမ်းမှုအပေါ်မူတည်ပြီး ဖျက်ဆီးတိုက်ခိုက်ပုံ ကွာခြားပါတယ်။ အချို့ Virus များဆိုလျှင် Computer မပွင့်သည်အထိတိုက်ခိုက်တတ်ပါတယ်။
Virus အမျိုးအစား(၂)မျိုးတွေ့ရပါတယ်။

(၁) Computer အတွင်းရှိ File များနှင့် Program များကိုဖျက်ဆီးသော Virus

(၂) System နှင့် Boot Control များကိုဖျက်သော Virus

☞☞☞ဒုတိယအမျိုးအစားကတော့ပိုကြောက်စရာကောင်းပါတယ်။ ၀င်ရောက်လာသည်နှင့် Computer  ကို Restart ဖြစ်အောင်လုပ်ဆောင်ပါတယ်။ ပြီးလျှင် Windows အတွင်းမှအဓိက System ဖိုင်များကို ဖျက်ဆီးလိုက်တဲ့အတွက် Windows မတက်နိုင်တော့ပါဘူး။

Virus အမျိုးအစားများ

1-  Files Copy Virus
►►ကွန်ပျူတာအတွင်းရောက်ရှိနေပြီဆိုလျှင် မူရင်းဖိုင်ကို မမြင်အောင်ဖွက်ထားတတ်ပါတယ်။ ၄င်းရောက်ရှိရာနေရာမှ File များကိုပွားစေတတ်ပါတယ်။

2- Hidden Virus
►►Virus File ကို User များနှင့် Anti-virus Scanner များမတွေ့စေရန်မကြာခဏအမည်ပြောင်း ခြင်း၊ နေရာပြောင်းခြင်းများပြုလုပ်တတ်ပါတယ်။ Computer ကိုချက်ချင်းဒုက္ခမပေးတတ်ပါဘူး။ Anti-virus နှင့်သတ်လျှင်လည်းစက်ပြန်ဖွင့်သည်နှင့်ပြန်ရှင်သန်ဖို့ကြိုးစားတတ်ပါတယ်။ မူရင်းဖိုင်ကို ဖျက်နိုင်မှသာ မပွားနိုင်တော့တာပါ။ ၂၀၁၀ခုနှစ်အစပိုင်းမှာ ဒီ Timer Virus မျိုးကိုအတွေ့ရ များပါတယ်။

3- ဖျက်ဆီးရေး Virus
►►အန္တရာယ်အပေးဆုံး Virus ပါ။ System File တွေကိုအဓိကဖျက်ဖို့ကြိုးစားပါတယ်။ Format ချဖို့ပြင်ဆင်ပါတယ်။ Windows Control System တွေကိုစတင်နှောက်ယှက်ပါတယ်။ Virus အများစုရဲ့ထုံးစံအတိုင်း ပုန်းအောင်းနေနိုင်ရန် Registry Editor, Folder Options, Task Manager တွေကိုဖျက်ခြင်း၊ ပိတ်ခြင်းတွေလုပ်ဆောင်ပါတယ်။ အဆိုးဆုံးကတော့ Run Program, System Configuration, Safemode များကိုပိတ်ခြင်းနှင့် နောက်ဆုံး Drive C ကို Format ချခြင်းတို့ပဲဖြစ်ပါတယ်။ ဥပမာ - I Love You Virus

4- Trojans
►►Computer တွင်းသို့ Anti-virus Scanner များမသိအောင်ပုံဖျက်ပြီးအယောင်ဆောင် ၀င်ရောက် တတ်သည်။ အတွင်းသို့ရောက်ပြီဆိုသည်နှင့် သယ်ဆောင်လာသော Virus များကို ဖွင့်ထုတ်ပေး လိုက်သည်။ ထွက်လာတဲ့ Virus မှာကိုယ်ပိုင်အစွမ်းရှိတဲ့အတွက် မိမိလုံခြုံရေးကောင်း စေရန် Registry နဲ့ System Control တွေကိုဝင်ရောက်ပြင်ဆင်ပါတယ်။ Hacker တွေကထိန်းချုပ်ဖို့ ဖန်တီးထားတဲ့ Trojans တွေဆိုရင် Internet ချိတ်ဆက်ထားတဲ့ Computer တွေကိုအဝေးက လိုသလိုထိန်းချုပ်နိုင်ပါတယ်။ လိုအပ်တဲ့အချက်အလက်တွေ ကူးယူသွားနိုင်သလို လာရောက်ထည့် သွင်းထားနိုင်ပါတယ်။ Trojans တွေက E-mail Attachment တွေ၊ Free Softwares တွေ၊ Games တွေနှင့်အတူရောပြီးပါလာနိုင်ပါတယ်။

5- Malware
►►Malicious Software ကိုတွဲဖက်ရေးသားထားတဲ့အဆင့်မြင့် Virus ပါ။ ထိန်းချုပ်တဲ့အလုပ်ကိုသာ လုပ်ဆောင်ပြီး Ware မျိုးစုံ၊ Trojans, Worms နှင့်အခြားအဖျက်လုပ်ငန်း သုံး Virus Softwares မျိုးစုံကိုတွဲခေါ်လာတတ်ပါတယ်။

6- Adware
►►Internet သုံးနေစဉ် Screen မှာအလိုအလျောက်ပေါ်လာတတ်ပါတယ်။ User ကို Download လုပ်ခိုင်းတတ်ပါတယ်။ ဖျက်လိုက်လျှင်လည်း ပြန်ပေါ်လာတတ်ပါတယ်။ Download လုပ်မိတာနဲ့ Trojans, Worms နှင့် အခြားအဖျက်လုပ်ငန်းသုံး Virus Softwares မျိုးစုံကိုတွဲခေါ်လာတတ် ပါတယ်။

7- Spyware
►►Internet သုံး Computer များမှာတွေ့ရတာများပါတယ်။ Hacker လိုချင်သမျှ User ၏ အရေးကြီး မှတ်တမ်းများ၊ Bank Account များ၊ လျှို့ဝှက်ချက်များကိုမပေးဘဲနှင့်ရယူသွားနိုင်ပါတယ်။

8- Crimeware
►►Admin Password တွေကိုရယူဖို့ Hacker များအသုံးပြုတဲ့ Software တစ်မျိုးပါ။ အဝေးမှ ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပါတယ်။ အကောင်းဘက်မှာအသုံးပြုတာတွေလည်းရှိပါတယ်။ တရားမ၀င် သုံးစွဲရတဲ့ Software လိုင်စင်ကုတ်ဒ်တွေဖြည်ရန်၊ Key Logger Program (Keygen) အဖြစ်လည်း သုံးကြပါတယ်။ Hacker ရဲ့စိတ်ကူးနဲ့ဦးတည်ချက်ပေါ် မူတည်ပါတယ်။

9- Hoaxes
►►Virus အုပ်စုဝင်ပေမယ့် Virus အဖြစ်ဖန်တီးမထားတဲ့အတွက် Anti-virus Scanner တွေမရှာဖွေ နိုင်ပါဘူး။ User ကို Computer တွင်းမှ System File တစ်ခုခုကိုဖျက်ရန်ညွှန်ကြားတတ်ပါတယ်။ ဖျက်မိလျှင် Computer ပြန်ဖွင့်မရတတ်ပါဘူး။ Internet User တွေအထိအခိုက်များပါတယ်။

10- BIO Virus
►►Motherboard ပေါ်မှ Hardware မှတ်တမ်းတွေကိုထိန်းသိမ်းထားတဲ့ BIOS (Basic Input/Output System) ကိုဝင်ရောက်ပြင်ဆင်ပါတယ်။ အန္တရာယ်ကြီးတဲ့ Virus တစ်ခုပါ။ အခုနောက်ပိုင်း Hardware တွေကိုတော့မတိုက်ခိုက်တော့ပါဘူး။     ။
THWIN (Technology)
Tech Lover
#Boykhai
#နည်းပညာချစ်သူ

No comments

Powered by Blogger.