နားကြပ် များကို အချိန်ကြာမြင့်စွာ အသုံးပြုပါက နားစည် ကို ထိခိုက်စေနိုင်
ငယ်ရွယ်စဉ်ကတည်းက ဖုန်း နားကြပ် များကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းဖြင့် အကြား အာရုံကို ပျက်စီးစေနိုင်ပြီး နားနှင့် ပက်သတ်သည့် ရောဂါများကို ရရှိစေနိုင်ကြောင်း သုတေသီတို့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည် ။
ယခုခေတ်တွင် ဖုန်း ၊ Laptop ၊ iPad စသည့် လျှပ်စစ် ပစ္စည်းများကို အသုံးပြုမည် ဆိုပါက မိမိ ၏ အခန်းဖော် များ ၊ ဘေးပတ်ဝန်းကျင်များကို အနှောင့် အယှက် မဖြစ်ပေါ်စေရန် နားကြပ်များကို သုံးစွဲလာကြပြီး ယခု အဆိုပါ နားကြပ်များသည် ကြိုးမဲ့ စနစ်များ အထိ နည်းပညာများ တိုးတက်လာခဲ့သည့် အပြင် အဆိုပါ နားကြပ်များသည် အသံ နှုန်းထား ၁၂၀ ဒယ်ဆီဘယ် အထိ ကြားလောင်စွာ ထွက်ရှိနိုင်သဖြင့် အသံ နှုန်းထား ၁၂၀ ဒယ်ဆီဘယ်သည် Rock ဂီတဖျော်ဖြေပွဲမှ ထွက်ရှိသော အသံ ၊ ညကလပ်တွင် ဖွင့်သော တေးသီချင်းသံ နှင့် ရှုပ်ထွေးနေသည့် လမ်းပေါ်မှ ထွက်ပေါ်လာသည့် အသံ များနှင့် ထပ်တူကျကာ လူငယ် အများစုသည်လည်း နားကြပ်များဖြင့် အချိန်ကြာမြင့်စွာ တပ်၍ နားထောင်ခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာပါက နားစည်ကို ထိခိုက်စေနိုင်သဖြင့် အကြား အာရုံကို ဆုံးရုံးရသည့်အထိ ဆိုးဝါးနိုင်ကြောင်း သိရသည် ။
ထို့ကြောင့် နားကြပ် ကို အသုံးပြုမည်ဆိုပါက အသံကို အဆုံးထိ ချဲ့၍ နားဆင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နားကြပ် ဖြင့် တေးသီချင်း များကို နားဆင်မည်ဆိုပါက အနည်းဆုံး ၁ နာရီအထိသာ တပ်ဆင် နားဆင်သင့်ပြီး အိပ်ပျော်နေစဉ်အတွင်း အသံကို ကျယ်လောင်စွာ အချိန်ကြာမြင့်စွာ နားဆင်မိပြီဆိုပါက တစ်ရက် သို့မဟုတ် အချိန်ကြာမြင့်စွာ ဆူညံသည့် အသံများကို ရှောင်ကြဉ်၍လည်း နားစည်ကို ပြန်လည်ကုသနိုင်ကြောင်း အမေရိကန် သုတေသီ တို့မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Boykhai
Tech Lover
Credit : ရတနာပုံ သတင်းစာ



Post a Comment