Header Ads

header ad

တစ်ညတည်းနဲ့ ဒေါ်လာ ၂.၈ ဘီလျံ ရသွားတဲ့ Alibaba တည်ထောင်သူ

ကမ္ဘာမှာ ၁၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ 



တရုတ်စီးပွားရေးဈေးကွက် အေးစက်နေချိန်မှာ Alibaba ကို တည်ထောင်ခဲ့သူ ဂျက်မားရဲ့ ဓနဥစ္စာထဲကို တစ်ညတည်းနဲ့ ဒေါ်လာ ၂.၈ ဘီလျံရောက်လာခဲ့တယ်လို့ ဆိုပါတယ်။


 

အာရှမှာ အချမ်းသာဆုံးနဲ့ ကမ္ဘာမှာ ၁၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူ ဂျက်မားဟာ အသက် ၅၂ နှစ်ရှိနေပြီ ဖြစ်ပြီး သူ့ ရဲ့ အသားတင် ကြွယ်ဝမှုဟာ ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၈.၅ ဘီလျံ ရှိရာကနေ အခုဆို ဒေါ်လာ ၄၁.၈ ဘီလျံအထိ တဟုန်းထိုးမြင့်တက်လာခဲ့ပါတယ်။ မတ်လကုန် စာရင်းပိတ်ချိန်မှာ တရုတ်ပြည်မှ အကြီးဆုံး e-commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibaba ရဲ့ ဝင်ငွေဟာ ခန့် မှန်းထားတဲ့ ၄၅% ကနေ ၄၉% အထိ မြင့်တက်သွားခဲ့ပါတယ်။ Alibaba ရဲ့ chairman တစ်ဦးဖြစ်သူ ဂျက်မားရဲ့ ရှယ်ယာတန်ဖိုးဟာလည်း ၁၃% အထိ မြင့်တက်သွားခဲ့ပါတယ်။

ဂျက်မားဟာ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့် (၁၉၉၉ ခုနှစ်က) Alibaba ကို သူငယ်ချင်း ၁၇ ယောက်နဲ့ မိသားစုဝင်များနဲ့ ပူးပေါင်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ ကုမ္ပဏီကို အများပိုင်ပြောင်းလိုက်ပြီးနောက် ၂၅ ဘီလျံနဲ့ ကမ္ဘာ့အကြီးဆုံး စတော့ဈေးကွက်ကြီး ဖြစ်သွားပါတယ်။ တရုတ်ပြည်မှ ဂျက်ဖ်ဘီဇော့စ်လို့ တင်စားခံရတဲ့ ဂျက်မားဟာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပြီး Alibaba ရဲ့ ရှယ်ယာ ၇.၈% ကို ပိုင်ဆိုင်ပါတယ်။
 
တရုတ်နိုင်ငံမှာ Alibaba နဲ့ Tencent Holdings Ltd တို့ နှစ်ခုဟာ အွန်လိုင်းရှော့ပင်းနဲ့ ဆိုရှယ်မီဒီယာကဏ္ဍကို ကြီးစိုးနေပါတယ်။ Alibaba ကတော့ ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍကို သူ့ ရဲ့ ရှော့ပင်းဆိုက်များကနေ ဗွီဒီယိုလိုမျိုး content တွေမှာ ထည့်သုံးပြီး လူကြိုက်များအောင် လုပ်ဆောင်နေပါတယ်။

No comments

Powered by Blogger.