Header Ads

header ad

နာမည်ကျော်စမတ်ဖုန်း Vivo ဖြစ်တည်လာတဲ့သမိုင်းကြောင်းကို ပြန်လည်သုံးသပ် ကြည့်ခြင်း


၂၀၀၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Vivo စမတ်ဖုန်းကုမ္ပဏီဟာ လက်ရှိအချိန်မှာဆိုရင် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် ၅ ခုမှာတစ်ခုအပါအဝင်အဖြစ် ရပ်တည်နိုင်တဲ့အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။သူတို့ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ ....

၂၀၀၉၊ ၂၀၁၀
Vivo စမတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်းကြီးကို ၂၀၀၉ ခုနှစ်မှာ စတင်ပြီး တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ပြီး မကြာခင် အချိန်အတွင်းမှာပဲ အရေးပါတဲ့ ခြေလှမ်းသစ်တွေကို စတင်ခဲ့ပါတယ်။ အဲဒါတွေကတော့ ၂၀၁၀ ဇူလိုင်လမှာ ကမ္ဘာတစ်ဝှမ်းလုံးကို ဂီတဗွီဒီယိုတွေ ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံအစီအစဉ် MTV နဲ့ လက်တွဲလုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီခြေလှမ်းကြောင့် Vivo ကို လူတွေပိုမိုသတိပြုမိခဲ့ကြပြီး ပိုမိုနှစ်ခြိုက်အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၂
၂၀၁၂ ခုနှစ်မှာ Vivo X1 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်ကို ဦးတည်ထိုးဖောက်ခဲ့တဲ့ အဲဒီစမတ်ဖုန်း ထုတ်ကုန်ဟာ မျှော်မှန်းထားတဲ့ အောင်မြင်မှုပမာဏကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Vivo ရဲ့ ဦးတည်ချက် က သုံးစွဲသူတွေကို ကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေး ပေးနိုင်ဖို့ဖြစ်ခဲ့ပါတယ်။ ဖုန်းကိုလည်း ခေတ်မီခန့်ညားတဲ့ ဒီဇိုင်းဖြစ်ဖို့ အားထုတ်ခဲ့တာပါ။
၂၀၁၃
နောက်တစ်နှစ်အကြာ ၂၀၁၃ ခုနှစ်မှာတော့ 4G စနစ် အသုံးပြုနိုင်တဲ့ Vivo Xplay နဲ့ X3 တို့ကို သုံးစွဲသူတွေထံတရားဝင် မိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်တွေဟာ ကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေးသာမက ရုပ်ထွက်အရည်အသွေးကိုပါ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ သုံးစွဲသူတွေကို Vivo ရဲ့ဆန်းသစ်တဲ့ နည်းပညာနဲ့ ပိုမို ကျေနပ်နှစ်သက်ဖွယ်ကောင်းတဲ့ နေထိုင်မှုတစ်ခုဆီ ပို့ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၄
ကမ္ဘာကြီးက ရပ်တန့်မနေဘဲ ရှေ့ဆက်ပြောင်းလဲနေသလိုပဲ Vivo ကလည်း ခေတ်နဲ့အညီ အသစ်အသစ်သော တီထွင်မှုတွေနဲ့ ထုတ်ကုန်သစ်တွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အသံအရည်အသွေးသာမက၊ ဗွီဒီယို ရိုက်ကူးမှု အရည်အသွေးကောင်းတွေကိုပါ ထပ်မံ ဖြည့်စွက်ထားတဲ့ Vivo Xshot, X5Max နဲ့ X5s တို့ကို သုံးစွဲသူတွေထံ တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ အရည်အသွေးမြင့် ပုံရိပ်ဖမ်းယူမှုကို သုံးစွဲသူတိုင်း စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိခဲ့တဲ့ ဖုန်းတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မေလမှာတော့ Vivo ဟာ National Geographic (China) အစီအစဉ်နဲ့ လက်တွဲလုပ်ခဲ့ပါသည်။ မေလအတွက် Vivo ရဲ့ခြေလှမ်းတွေက အဲဒီလောက်နဲ့ ရပ်တန့်မသွားခဲ့ဘဲ အရှေ့တောင်အာရှနှင့် အခြားဒေသတွေဆီ ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၂၀၁၅
ပြောင်းလဲသွားတဲ့ ခုနှစ်သက္ကရာဇ်တွေနဲ့အညီ စမတ်ဖုန်းရဲ့ရေစီးကြောင်းကလည်း ပြောင်းလဲလာပါတယ်။ သုံးစွဲသူတွေက စွမ်းဆောင်ရည်သာမက ပိုမိုကောင်းမွန်လှပတဲ့ဒီဇိုင်းတွေကိုပါ တောင်းဆိုလာကြပါတယ်။ ဒါကြောင့် Vivo ကလည်း ပြိုင်စံရှား အသံအရည်အသွေးသာမက ပါးလွှာတဲ့ စမတ်ဖုန်းကိုယ်ထည်ကိုပါ ရယူခံစားနိုင်မယ့် Vivo X5Pro, X6, X6Plus တွေကို သုံးစွဲသူတွေထံ မိတ်ဆက်ပို့ဆောင်ပေးခဲ့ပါတယ်။ အရှေ့တောင် အာရှနှင့် အခြားဒေသတွေကို ဈေးကွက်ချဲ့ထွင်မှုအရှိန်တိုးမြှင့်တဲ့ အနေနဲ့အောက်တိုဘာလမှာ အိန္ဒိယပရီးမီးယားလိဂ်ရဲ့ Title Sponsor အဖြစ် ရယူခဲ့ပါတယ်။ အိန္ဒိယ ပရီးမီးယားလိဂ်မှာ ဗြိတိန်အပါအ၀င် အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း လွှမ်းမိုးမှုရှိတဲ့လိဂ်တစ်ခု ဖြစ်တာကြောင့် Vivo အမှတ်တံဆိပ်ဟာ နိုင်ငံတကာမှာ သတိပြုခြင်းခံရတဲ့ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်လာပါတယ်။

၂၀၁၆
 

တစ်ဆင့်ထက် တစ်ဆင့် မြင့်မားလာတဲ့ စမတ်ဖုန်းယဉ်ကျေးမှုမှာ Vivo ရဲ့ နည်းပညာနဲ့ အရည်အသွေးတွေကလည်း မြင့်သထက် မြင့်မားလာပါတယ်။ Vivo ဟာ Vivo Xplay5, V3, V3Max, X7, X7Plus, X9, X9Plus နဲ့ Xplay 6 တို့ကို ဆက်တိုက်ဆိုသလို ထုတ်လုပ်ခဲ့ပါတယ်။ Selfie ယဉ်ကျေးမှု အပေါက်ကွဲဆုံး အချိန်လို့ဆိုရမယ့် ကာလတွေအတွက် Vivo က ပြီးပြည့်စုံတဲ့ 20 MP Softlight Camera ပါဝင်တဲ့ V5 ကိုလည်း ထုတ်လုပ်ခဲ့ပြီး သုံးစွဲသူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီနှစ် ဧပြီလမှာတော့ Vivo ရဲ့ အဆင့်အတန်းဟာ ကမ္ဘာ့အဆင့် ၅ အတွင်း ၀င်ရောက်လာခဲ့ပါတယ်။ IDC ကထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၄ လ ရောင်းအား အစီရင်ခံစာအရ Vivo ဟာ ကမ္ဘာ့အဆင့် ၅ စမတ်ဖုန်း ကုမ္ပဏီတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပါတယ်။ မေလမှာတော့ ကမ္ဘာ့အဆင့် ၅ စမတ်ဖုန်း ကုမ္ပဏီကြီးက Marvel နှင့် ပူးပေါင်းခဲ့ပါတယ်။ အဲဒီ ပူးပေါင်းမှုနဲ့အတူ Vivo က Xplay5 Captain America Edition ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုထုတ်လုပ်မှုဟာ Vivo ရဲ့အောင်မြင်မှုတွေကို အချိုပေါ် သကာလောင်းဆိုသလို ဖြစ်ခဲ့ပါတော့တယ်။ Vivo ဟာကောင်းမွန်တဲ့ အသံအရည်အသွေးကို စွန့်ဦးတီထွင်ပေးအပ်နိုင်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ခဲ့တဲ့အလျောက် သုံးစွဲသူတွေကို သံစဉ်ကောင်းတွေနဲ့ ပိုမိုထိတွေ့ခွင့်ပေးနိုင်ဖို့လည်း ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါကြောင့် ဇွန်လမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း online music streaming platform တစ်ခုဖြစ်တဲ့ QQ Music နဲ့စတင်လက်တွဲ လုပ်ဆောင်ခဲ့ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Vivo ရဲ့ သူမတူတဲ့ အသံအရည်အသွေးကို ပိုမိုတွင်ကျယ်စွာ ရယူခံစားနိုင်ခဲ့ ကြပါတယ်။

 

ဒါတင်မကသေးဘဲ ၂၀၁၆ အောက်တိုဘာမှာ Vivo နဲ့ တရုတ်ဘက်စကတ်ဘော အဖွဲ့ချုပ်တို့ဟာမဟာဗျူဟာမြောက် ပူးပေါင်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီပူးပေါင်းမှုကြောင့် NBA မှာထင်ရှားကျော်ကြားတဲ့ Stephen Curry ဟာVivo flagship Xplay6 ရဲ့အမှတ်တံဆိပ်သံတမန် ဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာမှာတော့ Vivo ကဈေးကွက်ချဲ့ထွင်ရေး ခြေလှမ်းနောက်တစ်လှမ်း ထပ်လှမ်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ AFF ဖလားကို စပွန်ဆာအဖြစ် ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှ အားကစား လောကမှာVivo ရ့အရှိန်အ၀ါကို ထပ်မံ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။

၂၀၁၇
Vivo ရဲ့ ၂၀၁၇ ထုတ်ကုန်ဟာ အရင်နှစ်တွေထက် ပိုမိုပြီးကောင်းမွန်ပြောင်မြောက်ခဲ့ပါတယ်။ အသစ် ထပ်မံ ထုတ်လုပ် ဖြန့်ချိခဲ့တဲ့ V5plus ဟာ Selfie သမားတွေအတွက် ပြီးပြည့်စုံတဲ့ကျေနပ်မှုကို ပေးနိုင်ခဲ့ပါတယ်။ 20MP ပါဝင်တဲ့ ရှေ့ကင်မရာမှာ မှန်ဘီလူးနှစ်ခုကို အသုံးပြုထားတဲ့အတွက် ပုံရိပ်တွေကို နတ်ပန်းချီရေးတဲ့ရုပ်ပုံတွေအလား ရိုက်ယူ သိမ်းဆည်းထားနိုင်တဲ့ ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဇန်န၀ါရီလမှာ Vivo ဟာလေ့လာဆန်းစစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံမြှုပ်နှံတဲ့အနေနဲ့ တရုတ်ပြည်တွင်းမှာ တင်မကဘဲ အမေရိကန်ပြည်ထောင်စုရှိ ဆန်ဒီယေဂို နဲ့ ဆီလီကွန်တောင်ကြားတို့မှာလည်း R&D စင်တာကြီး နှစ်ခုကို ထပ်မံတိုးချဲ့ တည်ထောင်ခဲ့ပါတယ်။ IDG ရဲ့ဒီနှစ် ဇွန်လ အစီရင်ခံစာအရ Vivo ဟာ ၂၀၁၆-၁၇ ကာလအတွင်း ကမ္ဘာ့မိုလ်ဘိုင်းဖုန်းဈေးကွက်ကို ဦးဆောင်သူတွေ စာရင်းမှာ အဆင့် ၅ အတွင်း ၀င်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Credit-Duwun
TechLover

No comments

Powered by Blogger.