Header Ads

header ad

ထိုင်းနိုင်ငံ မှာ ဖေ့စ်ဘုတ်ခ် ကို ပိတ်ပစ်ရမယ့် အခြေအနေဆိုက်နေ

ထိုင်းအစိုးရ ရဲ့ဖိအားပေးမှုကြောင့် ထိုင်းနိုင်ငံ ရဲ့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း Tispa ဟာ ဖေ့စ်ဘုတ်ခ် ကို  ပိတ်ဆို့ပစ် ရမယ့် အခြအနေဆိုက်လာနိုင်တယ်လို့ ယနေ့ မေလ ၁၆ ရက်နေ့က ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဖော်ပြထား ပါ တယ်။
ဖေ့စ်ဘုတ်ခ် က သူတို့ရဲ့ ဝက်ဆိုက်မှာ တင်ထားတဲ့ ထိုင်းအစိုးရ က  တရားမဝင်ဘူးလို့ သတ်မှတ်တဲ့ အကြောင်းအရာတွေ ကို ဖယ်ရှားဖို့ ငြင်းဆန်ထားတာကို ထောက်ပြပြီး သူတို့အနေနဲ့ ကွန်ရက်ချိတ်ဆက်မှု (CDN) ကို ဖြတ်တောကိနိုင် တ ယ်လို့ Tispa က ပြောကြောင်း သတင်းမှာ ပါရှိပါတယ်။
နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ယူဆတဲ့ အကြောင်းအရာတွေနဲ့ နိုင်ငံရဲ့တင်းကျပ်တဲ့ တော်ဝင်မိသားစု ထိပါးစော်ကားမှု ဥပဒေကို ချိုးဖောက်တဲ့ အကြောင်းအရာတွေကို ဖေ့စ်ဘုတ်ခ် စာမျက်နှာ ပေါ်ကနေ ဖယ်ရှားပေးဖို့ ထိုင်းအာဏာပိုင်တွေက ကုမ္ပဏီကိုသတိပေးခဲ့ပါတယ်။
ဖ့စ်ဘုတ်ခ် ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ထိုင်းနိုင်ငံ မှာ ရုံးခွဲဖွင့်လှစ်ခဲ့ပါတယ်။ တော်ဝင်မိသားစုကို ထိပါးစော် ကားရေးသားထားတဲ့ပို့စ်တွေကို share လုပ်တာကြောင့် နိုင်ငံသားတွေတရားစွဲဆိုခံနေရတဲ့ ထိုင်းနိုင်ငံ မှာ ဖေ့စ်ဘုတ် ခ်ဟာ တော်ဝင်မိသားစုကိုအသရေဖျက်တဲ့အမှုကိစ္စတွေမှာ ပါဝင်ဆက်နွယ်နေပါတယ်။
“သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက www.facebook.com ထဲမှာရှိနေတဲ့ အခုထိဖယ်ရှားပေးခြင်းမရှိသေးတဲ့ URLs ၁၃၁ ခုမှာ တရားမဝင်တဲ့အကြောင်းအရာတွေကိုရှာဖွေတွေ့ရှိခဲ့ပါက www.facebook.com ရဲ့ CDN ကိုပိတ်သိမ်းပေးဖို့ ကျွန်တော်တို့ကို သက်ဆိုင်ရာက တောင်းဆိုလာလိမ့်မယ်” လိုပြောပါတယ်။
“သည်လုပ်ရပ်က ထိုင်းနိုင်ငံ ရှိ စားသုံးသူဆီပို့နေတဲ့ www.facebook.com ရဲ့ ပစ္စည်းပို့တဲ့ဝန်ဆောင်မှုလုပ်ငန်း တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်” လို့ Tispa ကပြောပါတယ်။
ပြည်ပရောက် တက္ကသိုလ်ဆရာ တစ်ဦးရဲ့ ထိုင်းနိုင်ငံ မှာ ဒီမိုကရေစီ အငွေ့အသက် တွေ ပျောက်ဆုံးနေတဲ့အကြောင်း ရေးထားတဲ့ဖေ့စ်ဘုတ်ခ်ပို့စ်ကို share လုပ်မှုနဲ့ အခုလဆန်းပိုင်းက ထိုင်းနိုင်ငံသား ၅ ဦး တရားစွဲခံထားရပါတယ်။
ထိုင်းအာဏာသိမ်း စစ်အစိုးရ ဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းယူပြီးကတည်းက တော်ဝင်မိသားစုကိုထိပါးစော်ကား တယ်လို့ယူဆရတဲ့အကြောင်းအရာအများစုအပါအဝင် အွန်လိုင်း ဆင်ဆာဖြတ်တောက်မှုတွေကိုတော်တော်များများ လုပ်ဆောင်ခဲ့ပါတယ်။
Credit : Sunthit

No comments

Powered by Blogger.