Header Ads

header ad

၁၅ မိနစ်အတွင်း ဖုန်းမလေးအောင် သန့်ရှင်းရေး လုပ်နည်း

မိုဘိုင်းဖုန်းဆိုတာ ယနေ့ခေတ်လူတိုင်းနီးပါး ကိုင်ဆောင်အfသုံးပြုလာကြတဲ့ အရာတစ်ခုဖြစ်ပြီး ဖုန်းမကိုင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။
ဖုန်းတွေကို အမြဲတမ်းနေ့စဉ် အသုံးပြုလာကြတဲ့အခါ ဖုန်းတွေထဲမှာ မလိုအပ်တဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေဟာ များပြားပြည့် ကျပ်ပြီး ဖုန်းဘက်ကကြည့်ရင်လည်း ကြေး(ဂျီး) အထပ်ထပ်နဲ့ ရေမချိုးထားရတဲ့ ဖုန်းညစ်ပတ်လေးကို ဖြစ်နေတော့တာပါ။ ဒီတော့ သနားစရာကောင်းတဲ့ ဖုန်းလေးကို အတူတူ သန့်စင်ပေးကြရအောင်။
ပထမ ၅ မိနစ်
ကိုယ်တော်ရုံတန်ရုံ မသုံးဖြစ်တဲ့ မလိုအပ်တဲ့ Application တွေကို ဖျက်ပစ်ပါ။ ပြီးတော့ ဖုန်းထဲမှာ Download လုပ် ထားပြီး မသွင်းဖြစ်တဲ့ App apk တွေ၊ Down ထားမှန်းတောင် မသိတဲ့ apk တွေကို ဖျက်ပစ်လိုက်ပါ။ ဒီအတွက် သီးသန့် Service ပေးတဲ့ Application တွေလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ Background ပုံကြီးကို ပြောင်းပစ်လိုက်ပါ။
၁၀ မိနစ်
ALBUM ကိုဖွင့်လိုက်ပါ။ တစ်ခါတစ်လေ ဆယ်လ်ဖီဆွဲတဲ့အခါ မလိုအပ်ပဲ ၃၊ ၄ ပုံရိုက်မိတာတွေ အများအပြားရှိနေသလို။ FACEBOOK ပေါ်က Save ထားမိတာတွေ၊ Screenshot တွေ၊ မှားရိုက်မိတာတွေကို တစ်ခုခြင်း လိုက်ဖျက်ပစ်ပါ။
၁၅ မိနစ်
Contact ထဲသွားပြီး contact ဖုန်းနံပါတ်တွေကိုကြည့်ပါ။ တစ်ချို့တွေကို ကိုယ်နဲ့အဆက်အသွယ်မရှိတော့တာမျိုး၊ တစ်ခါတစ်လေ ဘယ်သူတွေမှန်းမသိတဲ့ contact မျိုး။
အမှန်တကယ် ဆက်သွယ်လို့မရတဲ့ ဖုန်းနံပါတ်ပိုင်ရှင်မျိုးတွေကို လိုက်ရှာပြီး ဖျက်ပစ်လိုက်ပါ။ ပြီးရင်တော့ Notes ထဲ သွားပြီး နှစ်ပေါင်းများစွာ ပဝေသဏီက Notes ထဲ ထည့်ထားမိတဲ့ အကြောင်းအရာတွေကို မလိုအပ်ရင် ဖျက် ပစ်လို က်ပါတော့။
ကျန်းမာသန့်ရှင်းသော ဖုန်းလေးတစ်လုံး ပိုင်ဆိုင်ကြပါစေ။
Credit : Momolay

No comments

Powered by Blogger.