Header Ads

header ad

စမတ်ဖုန်း အလုံးရေ ၈၅၀၀ နီးပါးခိုးယူခဲ့တဲ့ Samsung ဝန်ထမ်း အဖမ်းခံရ



လီလို့ နာမည်ရတဲ့ ဒီဝန်ထမ်းဟာ ဂွန်ဂျီပြည်နယ် ဆူဝမ်မှ Samsung ရဲ့ ပစ္စည်းထုတ်လုပ်တဲ့ ရုံးချုပ်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ လီဟာ ၂၀၁၄ ဒီဇင်ဘာကနေ ၂၀၁၆ နိုဝင်ဘာကြား နှစ်နှစ်တာ ကာလအတွင်း ဖုန်းတွေကို ခိုးယူခဲ့ပြီး တစ်ပတ်နွမ်း second hand ဖုန်းဆိုင်တွေဆီကို ရောင်းချခဲ့ပါတယ်။ ဒီလို ရောင်းရငွေအနေနဲ့ နှစ်နှစ်တာအတွင်း ဝမ် သန်း ၈၀၀ ( ၇၁၁၇၄၃ ဒေါ်လာ ) အထိ ဝင်ငွေရနေခဲ့ပါတယ်။
Samsung ဟာ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတဲ့အနေနဲ့ ဖုန်းဟောင်းများကို အဆင့်မြှင့်တင်ပြီး feature သစ်များ ထည့်တဲ့ ပြုပြင်ရေးဌာနမှာ လီကို ၂၀၁၀ ခုနှစ်က အလုပ်ခန့် အပ်ခဲ့တာပါ။ ကုမ္ပဏီရဲ့ လုံခြုံရေးစနစ်အရ ဝန်ထမ်းတိုင်းကို ရုံးခန်းမှ မထွက်ခင် body scanner နဲ့ စကင်ဖတ်ခဲ့ပေမယ့် လီကတော့ လျှပ်စစ်ဘီးတပ်ကုလားထိုင်နဲ့ ရုံးလာသူ ဖြစ်လို့ လုံခြုံရေးအရ စစ်ဆေးခြင်းနဲ့ လွတ်နေခဲ့ပါတယ်။

နောက်ဆုံးတော့ Samsung ဟာ ဈေးကွက်ထဲ မဖြန့် ချိရသေးတဲ့ မရောင်းရ လို့ သတ်မှတ်ထားတဲ့ ဖုန်းများကို ဗီယက်နမ်ဈေးကွက်မှာ တွေ့ သွားရာကနေ ဒီအမှုပေါ်သွားတာ ဖြစ်ပါတယ်။ ဖုန်းရောင်းရငွေ အားလုံးကို လောင်းကစားအကြွေး ဝမ် သန်း ၉၀၀ ( ဒေါ်လာ ၈၀၀၁၁၈ ) ဆပ်ခဲ့လို့ ကုန်ပြီလို့ ကာယကံရှင်ဖြစ်သူ လီက ဝန်ခံထားပါတယ်။

http://www.duwun.com.mm
Tech Lover

No comments

Powered by Blogger.