Header Ads

header ad

Messenger ကို ဆရာကျအောင် သုံးနိုင်မယ့် နည်းလမ်းများ


အခုဆိုရင် Facebook Messenger ကို လူသန်း ၁ထောင်နီးပါး အသုံးပြုနေကြပါပြီ။ အဓိကတော့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အဓိက အသုံးပြုကြပါတယ်။

Messenger ကို စသုံးတော့မယ်ဆိုရင်
အကယ်၍ ကိုယ့်ဖုန်းက iOS ဆိုရင် App Store ကိုသွားပြီး Facebook Messenger ရဲ့ နောက်ဆုံး Version ကို ဒေါင်းပါ။ ရှိပြီးသားဆိုရင်လည်း ညာဘက်အခြမ်းမှာရှိတဲ့ Updated ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Update လုပ်ပါ။
အကယ်၍ ကိုယ့်ဖုန်းက Android ဆိုရင် Google Play Store မှာ သွားပြီး နောက်ဆုံး Version ကို ဒေါင်းပါ။ ရှိပြီးသားဆိုရင်လည်း “Updated All” ဆိုတဲ့စာလုံးကို နှိပ်ပါ။



Messenger အခြေခံများ
Facebook Messenger မှာ ကိုယ်က Message ပို့လိုက်ပြီး သူက ကိုယ့် Message ကို ဖတ်လားမဖတ်လားသိနိုင်ပါတယ်။ သူတွေ့ပြီးသားဆိုရင် Message အောက်မှာ သူ့ Profile ဓာတ်ပုံလေး ပေါ်နေပါလိမ့်မယ်။ အကယ်၍ အဖွဲ့လိုက် Chat တွေမှာဆိုရင် Profile ပုံတွေ အများကြီးပေါ်နေပါလိမ့်မယ်။
အကယ်၍ Message အောက်မှာ အပြာရောင် အမှန်ခြစ်ကို အ၀ိုင်းလေးပေါ်နေရင် ကိုယ့် Message ပိြု့ပီးသွားပါပြီ။ အနီရောင် တြိဂံပုံလေးပေါ်နေရင် ကိုယ့် message error တက်ပြီး ဟိုဘက်ကို မရောက်တာဖြစ်ပါတယ်။ ဒါဆိုရင် wifi နဲ့ အင်တာနက် ကွန်နက်ရှင်ကို ပြန်စစ်ပြီး ပြန်ပို့လိုက်ပါ။



ဗီဒီယို Call
Facebook Messenger ကိုသုံးပြီး ဗီဒီယို Call ခေါ်လို့ရတာကို သင်သိပါသလား။ အပေါ်ဘက် ညာဘက်ဒေါင့်နားမှာရှိတဲ့ တယ်လီဖုန်းပုံလေးကို နှိပ်လိုက်ပြီး သာမန် Call ခေါ်တာလား၊ ဗီဒီယို Call ခေါ်မလားဆိုတာ ရွေးလို့ရပါတယ်။ ဒီအတိုင်းဆိုရင် ဖုန်းခေါ်သလို သာမန် Call ဖြစ်ပြီး ဗီဒီယို ပုံစံကို နှိပ်လိုက်ရင်တော့ ဗီဒီယို Call ခေါ်လို့ရပါတယ်။





အသံဘဲ ပို့တဲ့ Message (Audio Message)
တခါတလေ ကိုယ်က စာအများကြီးမရိုက်ချင်ဘူးဆိုရင် အသံဘဲ ပို့တဲ့ Message (Audio Message) ကို ရွေးချယ်လို့ရပါတယ်။ အောက်ဘက်အလယ်လောက်မှာ မိုက်ခရိုဖုန်း Icon လေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒီ Icon လေးကို နှိပ်လိုက်ပါ။ အနီရောင် “Record” ဆိုတဲ့ စက်ဝိုင်းပုံ ခလုတ်လေးပေါ်လာရင် အဲ့ခလုတ်ကိုနှိပ်ပြီး ကိုယ်ပြောချင်တာပြောပြီးနောက်ပြန်လွှတ်လိုက်ရင် အဲ့ဒီအသံကို ပို့ပေးသွားမှာဖြစ်ပါတယ်။


ဓာတ်ပုံ၊ ဗီဒီယိုတွေ ပို့မယ်
အခုလက်ရှိရိုက်ထားတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေပို့ချင်ရင် ကင်မရာ ခလုတ်လေးကို နှိပ်လိုက်ပါ။ ပြီးနောက် ဓာတ်ပုံ ရိုက်လိုက်ရင် ရိုက်လိုက်တဲ့ ဓာတ်ပုံကို တခါတည်းပို့ပေးပါလိမ့်မယ်။ ဗီဒီယိုရိုက်ချင်ရင်လည်း ကင်မရာ ခလုတ်လေးကို နှိပ်လိုက်ပြီး တြိဂံပုံစံ ခလုတ်လေးကို ကြာကြာစွဲနှိပ်ထားလိုက်ရင် ဗီဒီယို ရိုက်ပြီးသားဖြစ်သွားမှာပါ။ လွှတ်လိုက်ရင် တခါတည်း ပို့ပေးမှာဖြစ်ပါတယ်။


ရိုက်ပြီးသား ဓာတ်ပုံတွေ ဗီဒီယိုတွေ ပို့ချင်ရင် ဘယ်ဘက် အောက်နားမှာ ဓာတ်ပုံ အယ်ဘမ် ခလုတ်လေးရှိတာကြောင့် အဲ့ကိုနှိပ်ပြီး ရွေးပြီး ပို့လို့ရပါတယ်။ ဓာတ်ပုံကို လက်နဲ့ထောက်လိုက်ရင် တြိဂံပုံစံခလုတ်လေးနဲ့ ခဲတံလေး ပုံပေါ်လာပါလိမ့်မယ်။


ကိုယ့်ဓာတ်ပုံမှာ စာရေးချင်တာဘဲ ဖြစ်ဖြစ်၊ ဆွဲချင်တဲ့ လိုင်းလေးဘဲဖြစ်ဖြစ် ကြိုက်သလို ရေးဆွဲပြီး ပို့လို့ရပါတယ်။

mytechmyanmar
7TechLover.com

No comments

Powered by Blogger.