Header Ads

header ad

iPhone နဲ့ Video တွေကို လွယ်ကူစွာ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ


iphone ကို စတင်ထုတ်လုပ်ခဲ့တဲ့ အချိန်တုန်းက iPod ကို အဆင့်မြင့်ထုတ်လုပ်ထားတဲ့အတွက် အင်တာနက်သုံး စွဲခြင်း၊ ဖုန်းပြောဆိုခြင်းနဲ့ ဓာတ်ပုံရိုက်ကူးခြင်းလောက်ကိုပဲ အဓိကထားပြီး လုပ်ဆောင်ကြတာတွေ့ရပါတယ်။ Video ရိုက်ကူးမှုကိုတော့ ပြုလုပ်ကြခြင်း မရှိသေးပါဘူး။ နောက်ထပ် ဆယ်နှစ်ကြာမြင့်တဲ့ အချိန်မှာတော့ iPhone ဟာ အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်ခဲ့ပြီး နဂိုရှိနေတဲ့ ဓာတ်ပုံရိုက်ကူးနိုင်တဲ့ ကင်မရာမှာ Video ရိုက်ကူးနိုင်မယ့် လုပ်ဆောင်ချက်များစွာကို ထပ်ပေါင်းထည့် ပေးလိုက်လိုက်ပါတယ်။ Apple က Video ရိုက်ကူးဖို့အတွက် ပိုပြီး လွယ်ကူစွာ ရိုက်ကူးနိုင်ဖို့အတွက် ဖန်တီးပေးထားပေမယ့်လည်း အကောင်းဆုံး Video တွေ ရရှိနိုင်အောင်လို့တော့ ပြည့်စုံမှုတွေ မရှိသေးပါဘူး။
အခုဖော်ပြပေးမယ့် အချက်အလက်တွေကတော့ iPhone နဲ့ Video ရိုက်ကူးတဲ့အခါမှာ ဘယ်လိုအကောင်းဆုံး နည်းလမ်းတွေသုံးပြီး ရိုက်ကူးမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်သလို ဒီနည်းလမ်းတွေနဲ့လည်း အခြား မည်သည့် Smart Phone ကိုမဆို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

ဖုန်းထဲမှာ Storage လောက်မလောက်အရင်ကြည့်ပါ။
ကမ္ဘာပေါ်မှာရှိတဲ့ ဖုန်းသုံးစွဲသူတွေမှာ အမျိုးအစားနှစ်မျိုး ရှိပါတယ်။ အဲဒိ အမျိုးအစားကတော့ ကိုယ့်ရဲ့Smart Phone ထဲမှာ ဖုန်း Storage ပမာဏ များများစားစား ရှိတဲ့သူနဲ့ တစ်မျိုးတစ်စားကတော့ ကိုယ့်ဖုန်းထဲမှာ Storage ပမာဏအမြဲတမ်း လိုအပ်နေသူတွေ ဖြစ်ပါတယ်။ သင်ကော ဘယ်အမျိုးအစားထဲမှာ ပါနေလည်းဆိုတာ ကိုယ့်ဘာသာအသိဆုံးဖြစ်မှာပါ။ ဒါကြောင့် Video ရိုက်ကူးမယ်ဆိုရင် အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ Storage ပမာဏ လောက်မလောက်အရင်ကြည့်သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ Video က 4K Resolution ပါ ရိုက်ကူးမှာဖြစ်တာကြောင့် Storage ပမာဏများများ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ဖုန်းထဲမှာ Storage ပမာဏ ဘယ်လောက်ရှိလည်းဆိုတာကို မသိသူတွေအတွက်ကတော့ Setting ထဲက General ထဲကို ဝင်ပြီး Storage & iCloud Usage မှာဝင်ပြီး ဘယ်လောက်ပမာဏသုံးစွဲလို့ ကျန်သေးလည်းဆိုတာ ဝင်ရောက်ကြည့်ရှုပြီး ရိုက်ကူးနိုင်ပါတယ်။ အကယ်လို့ ပမာဏမလောက်တော့ဘူး လိုအပ်နေတယ်ဆိုရင်တော့ Cache တွေ ရှင်းလင်းတဲ့ နည်းလမ်းတွေနဲ့ ပမာဏများလာအောင်လုပ်လို့ ရပါတယ်။ ဒါပေမယ့်လည်း အများအပြားတက်လာမှာတော့ မဟုတ်ပါဘူး။




စိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့ Noti တွေကို ပိတ်ထားမယ်
သင့်အနေနဲ့ ဓာတ်ပုံရိုက်ကူးနေတဲ့အချိန်မှာ Airplane Mode ကို ပြုလုပ်ထားရင် အကောင်းဆုံးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Message တွေ၊ ဖုန်းအဝင်ခေါ်ဆိုမှုတွေနဲ့ Notification တွေကြောင့် သင့်ရဲ့ Video ရိုက်ကူးမှုတွေကို အနှောင့်အယှက်ပေးမယ့် ဘေးကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။ အကယ်လို့များ သင်ဟာ အဲလိုမလုပ်ဆောင်ထားဘူးဆိုရင်တော့ Noti တွေဟာ Screen ပေါ်မှာ Pop up အနေနဲ့ ပေါ်လာပြီး recording လုပ်နေတဲ့ Screen ကို မြင်ဖို့ ခက်ခဲအောင် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ အကယ်လို့မှ ဖုန်းခေါ်ဆိုမှုတွေကို မပိတ်ထားဘူးဆိုရင် ဖုန်းဝင်လာတာနဲ့ Video Recording လုပ်မှုကို အလိုအလျောက်ရပ်တန့်သွားအောင် လုပ်လိုက်မှာဖြစ်တာကြောင့် Video ရိုက်ကူးနေတဲ့ သင့်ကို စိတ်အနှောက်အယှက် ကောင်းကောင်းဖြစ်စေမှာ ဖြစ်ပါတယ်။ နောက်ထပ်ကာကွယ် တားဆီးနိုင်မယ့် နည်းလမ်းတစ်မျိုးကတော့ Do Not Disturb ကိုထားခြင်းဖြင့် Noti တွေ Pop Up တက်လာမှာကို ကာကွယ်တားဆီးပေးမှာ ဖြစ်ပါတယ်။



လမ်းဟောင်းကိုပဲ မရွေးပါနဲ့။
ဖုန်းမှာပါဝင်တဲ့ ကင်မရာကို ဓာတ်ပုံအနေနဲ့ပဲရိုက်ကူးမယ်ဆိုရင်တော့ Landscape နဲ့ Portrait တွေရိုက်ကူးခြင်းဖြင့် ပြသနာကြီးကြီးမားမား မရှိပေမယ့် Video ရိုက်ကူးမယ်ဆိုရင်တော့ မတူညီတာကိုတွေ့ရပါတယ်။ အများစုက ဖုန်းနဲ့ Video ရိုက်ကူးတော့မယ်ဆိုရင် Landscape အနေအထားနဲ့ ရိုက်ကူးကြတာများတဲ့အတွက်ကြောင့် Video ကို Playback အနေနဲ့ ပြန်ကြည့်တဲ့အချိန်မှာ Black bar တစ်ခုကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အခြားတဖက်မှာဆိုရင် Social Media တွေပေါ်မှာ Video ကို ရိုက်ကူးမယ်ဆိုရင် Portrait အနေနဲ့ ရိုက်ကူးခြင်းဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ထားတဲ့ Video တွေဟာ ဘယ်မှာပြမလဲဆိုတာပေါ်မှာအများဆုံးမူတည်ပါတယ်။ အကယ် ၍သင့်အနေနဲ့ ရိုက်ထားတဲ့ video ကို TV နဲ့ ကြည့်မယ် ကွန်ပျူတာနဲ့ကြည့်မယ်ဆိုရင်တော့ Horizontal ထားပြီး ရိုက်ကူးခြင်းဟာ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် snapchat တို့ Messenger Stories တို့မှာ တင်မယ့် Video တွေအတွက်ဆိုရင်တော့ Vertical နည်းလမ်းနဲ့ ရိုက်ကူးခြင်းဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။



တုန်ခါနေခြင်းကို ကာကွယ်ပါ။
လှုပ်ရမ်းပြီး တုန်ခါနေတဲ့ video တွေဟာ ကြည့်ရတာအရမ်းကို ဆိုးပါတယ်။ ဒါကြောင့် ဖုန်းနဲ့ Video ရိုက်ကူးမယ် ဆိုရင် တုန်ခါမှုအနည်းဆုံးဖြစ်အောင် သတိထားရိုက်ကူးရမှာဖြစ်ပါတယ်။ အကယ်လို့မှ ရမ်းလှုပ်ခါနေမယ့် အနေအထားမျိုးဖြစ်မယ်ဆိုရင်တော့ OSMO ကထုတ်တဲ့ Stablelizer တွေနဲ့ တပ်ဆင်ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် iPhone မှာဆိုရင်တော့ သူ့မှာ Stablelizer စနစ်တွေ Build in ထည့်သွင်းပေးထားတာကြောင့် ရိုက်ကူး ရတာကတော့ ပိုပြီး အဆင်ပြေစေပါတယ်။ လှုပ်ရမ်းမှုတွေကို သတိထားရမှာကတော့ တစုံတစ်ယောက်စကား ပြောတာကို ရိုက်ကူးနေတဲ့အချိန်တွေနဲ့ Close up Shoot တွေရိုက်ကူးနေတဲ့အချိန်တွေ Timelaspes ရိုက်ကူးတဲ့အချိန်နဲ့ Slow motion ရိုက်ကူးတဲ့အချိန်တွေဟာ အထူးသတိထားရိုက်ကူးရမယ့်အချိန်ပဲဖြစ်ပါတယ်။



အလင်းအမှောင်ချိန်ရိုက်ခြင်း
တကယ်ကောင်းတဲ့ Video တွေကို iPhone နဲ့ ဓာတ်ပုံရိုက်ကူးမယ်ဆိုရင် အလင်းရောင်ကောင်းကောင်းရဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် indoor လိုနေရာမျိုးတွေ အလင်းရောင်တွေ ရောယှက်နေတဲ့အနေအထားမျိုးမှာဆိုရင် တော့ အကူအညီအချို့တွေကိုတော့ လိုအပ်မှာဖြစ်ပါတယ်။ အလင်းရောင်လာတဲ့ အနေအထားကို လေ့လာရပါမယ်။ အကယ်၍အလင်းရောင်က Subject ရဲ့ အနောက်ဘက်ကနေ ရှိနေမယ်ဆိုရင်အနည်း ငယ်ချိန်ညှိဖို့တော့လိုအပ်မှာပဲဖြစ်ပါတယ်။ အကယ်လို မှောင်နေတဲ့ Subject ကို အလင်းအမှောင် ချိန်ညှိနေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အမှောင်တွေကလည်း လိုက်ပြီး ပြောင်းလဲသွား မှာဖြစ်တာကြောင့် သတိထားပြီး လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
အလင်းအမှောင်ကိုချိန်ညှိမယ်ဆိုရင်တော့ Subject ရဲ့နေရာကို Yellow ကွင်းလေးပေါ်လာအောင် ဖိထားလိုက် ပြီးအလင်းအမှောင် Tune ကို ချိန်ညှိုပေးနိုင်မှာဖြစ်ပါတယ်။ Yellow Focus / exposure လေးထောင့်ဝိုင်းလေး ဟာ အလင်းအမှောင် လုပ်နိုင်ဖို့ စနစ်တခါတည်း ပါဝင်လာတာတွေ့ရပါတယ်။
နောက်ပြီး Yellow Focus ကို ကြာမြင့်စွာဖိထားလိုက်မယ်ဆိုရင် AE/AF Lock တစ်ခု Screen ပေါ်မှာ ပေါ်လာပါ လိမ့်မယ်။ Focus ကိုလည်း အလိုအလျောက် ဖြတ်ပေးနေမှာဖြစ်ပြီး အလင်းအမှောင်ကိုလည်း ချိန်ညှိုနိုင်မှာဖြစ်ပါ တယ်။ နောက်ပြီး AE နဲ့ AF ကို Lock လုပ်ထားမယ်ဆိုရင်တော့ Auto Exposure နဲ့ Auto Focos လုပ်ပေးနေမှာဖြစ်ပါတယ်။



Tic-tac-toe စည်းမျဉ်းကိုသုံးပါ။
Subject ကို Screen ရဲ့အလယ်မှာထားပြီး ရိုက်ကူးခြင်းဟာ ရိုက်နေကြလွယ်ကူတဲ့ပုံစံပါပဲ။ ဒါပေမယ့် အလယ်မှာ အမြဲတမ်းထားပြီး ရိုက်ကူးခြင်းကတော့ အမြဲတမ်းမမှန်ကန်ပါဘူး။ ဒါကြောင့် ရိုက်ကူးမယ့်သူတွေအတွက် Grid လိုင်းတွေထားပြီး Subject ကို Third နေရာများထားပြီးရိုက်ကူးမယ်ဆိုရင် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အမြင်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို rule of third နည်းလမ်းလို့ခေါ်ပြီး ရုပ်ပုံတွေပေါ်မှာ tic-tac –toe မျဉ်းကြောင်းတွေကို ဆွဲလိုက်ပြီး တတိယမြောက် zone မှာ ရုပ်ပုံကိုထားပြီး ရိုက်ကူးခြင်းဖြစ်ပါတယ်။
iPhone မှာတော့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ rule of third grid ကို Setting ထဲကနေ turn on လုပ်နိုင်ပေမယ့် Video ရိုက်ကူးမယ်ဆိုရင်တော့ Grid ကို Turn on လုပ်နိုင်မှာ မဟုတ်ပါဘူး။




-စည်သူ
internetjournal.media

No comments

Powered by Blogger.