Facebook Group ထဲတွင် အွန်လိုင်းသင်ခန်းစာများ ပို့ချနိုင်မည့် လုပ်ဆောင်ချက် စမ်းသပ်
Facebook ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို တစ်ဖြည်းဖြည်းမြှင့်တင်လာပြီး ကမ္ဘာပေါ်မှာ ရနိုင်တဲ့ ဝန်ဆောင်မှုအမျိုးအစားအားလုံးကို ထည့်သွင်းဖို့ ကြံစည်နေတယ်လို့ ပြောလို့ရပါတယ်။ ယခုလည်း အွန်လိုင်း သင်ခန်းစာပို့ချနိုင်မယ့် လုပ်ဆောင်ချက်ကို စမ်းသပ်နေပြီး နိုင်ငံတိုင်းမှာ အသုံးပြုခွင့်ရအုံးမှာတော့ မဟုတ်ပါဘူး။

အဆိုပါ အွန်လိုင်းသင်ခန်းစာ ပို့ချခြင်းကို Facebook Group အတွင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပြီး သင်ခန်းစာများကို Group မှာ ခန့်အပ်ထားတဲ့ Admin နဲ့ ဆရာတွေက ဖန်တီးသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook ဟာ E-Learning လောကထဲအထိ ဝင်ရောက်လာပြီ ဖြစ်သလို တစ်ချိန်မှာ Killer App အဖြစ်ရပ်တည်ဖို့ ကြိုးစားနေပါတယ်။ ခန့်မှန်ျးချက်များအရတော့ သိပ်မကြာခင်မှာ Facebook ပေါ်မှာ သင်ခန်းစာတွေကို အခမဲ့ သင်ကြားခြင်း၊ အခပေးဖြင့် သင်ကြားခြင်း စတဲ့ လုပ်ဆောင်ချက်အသီးသီးနဲ့ မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ်။

Source : TNW
Credit-sunthitmyanmar

Post a Comment