ဖေ့ဘုတ် သုံးရင် ဒီအချက်တွေကို မဖြစ်မနေ သတိထားမှ ဖြစ်မယ်
၁။ အကောင့်တုတွေကို လုံးဝ Friend မလုပ်ပါနဲ့
အကောင့်တုဆိုတာ
နာမည်က လူနာမည် မဟုတ်
ဖော်ပြထားတဲ့ ဓာတ်ပုံကလည်း
လူပုံမဟုတ် … တဲ့အပြင်
သူ့ Wall ပေါ်မှာလဲဘာမှ တင်မထားတဲ့သူမျိုးကို ဆိုလိုပါတယ်။
အတုလုပ်ထားတယ်ဆိုကတည်းက
မကောင်းတဲ့အကြံစည်တစ်ခုခု
မုချရှိလို့ပေါ့။
အထူးသဖြင့် အဲ့လိုလူမျိုးဟာ
မှောင်ထဲကလူမျိုးဖြစ်လို့
သင့်ကို အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။
ဒီခေတ်မှာ နိုင်ငံရေး အတော်ပွင့်လင်းလာပါပြီ
ဘာမှ ပုန်းလျိုးကွယ်လျိုး လုပ်နေစရာ မလိုပါ
အရမ်းပုန်းဝှက်နေတယ်ဆိုကတည်းက
မရိုးသားတဲ့ အကြံစည် တစ်ခုခုရှိလို့ပေါ့။
ဘယ်သူမှန်း မသိ။ ဘယ်ကမှန်း မသိသူက
သင့်ကို ဒုက္ခပေးလာရင် ဘယ်လို တိုင်ကြမလဲ?
၂။ ဖေ့ဘုတ်ထဲက (အပြင်မှာမသိသူ)တွေကို
သင့်အတွင်းရေးတွေ ဘယ်တော့မှ မပြောနဲ့။
အတွင်းရေးဆိုမှတော့ ဘယ်သူမှ မပြောတာ
ကောင်းပါတယ်။ ဒါပေမဲ့ လူဆိုတာ
ရင်ဖွင့်ချင်တတ်တဲ့ အမျိုး မဟုတ်လား
တစ်ယောက်ယောက်အကြောင်းပဲဖြစ်ဖြစ်
ကိုယ့်အကြောင်းပဲဖြစ်ဖြစ်
တစ်ဘက်က ဘယ်သူဘယ်ဝါ မသိရသူကို
ပြောမိရင် ဒါဟာ ကိုယ့်ကိုထိုးဖို့ဓားကို
တဘက်လူဆီ ကမ်းမိတာပါပဲ။
၃။ ကိုယ့် လျို့ဝှက်အပ်သောဓာတ်ပုံတွေကို
မပေးမိစေနဲ့။
မိန်းကလေးတွေ အထူးသတိထားဖို့ပါ။
နည်းနည်း အမြင်မတော်ဖြစ်နေတဲ့
ဓာတ်ပုံလောက်ကို စပေးမိမယ်။
ငါဘယ်လောက်လှလဲဆိုတာ ပြချင်တဲ့စိတ်။
နောက်တော့ ဟိုလူက ဒီကနေ
တစစ ပိုတောင်းလာရော
အဆုံးမှာ တကိုယ်လုံး ပုံတွေ ပေးမိကြ
တစ်ချို့လည်း အဲ့ပုံတွေနဲ့ ငွေညှစ်ခံရ
အဲ့ပုံတွေနဲ့ခြိမ်းခြောက် ရောင်းစားခံရ။
တစ်ချို့ကျ
Sex Page တွေ Sex Group တွေဆီ ပျံ့နှံ့။
အဲ့ဒါကို ကိုယ့်မိဘကများ တွေ့မိရင် …
ကိုယ့်မိသားစုကများ တွေ့မိရင် …
၎။ ၆၆ ဃ ကို သတိပြုပါ။
လူတစ်ဘက်သားကို အရှက်ရစေမယ့်
ထိခိုက်စေမယ့် အရာတစ်ခုခု တင်မိတာနဲ့
၆၆ ဃ နဲ့ တရားစွဲလို့ရပါတယ်။
အဲ့ပုဒ်မနဲ့ တရားစွဲခံရတာနဲ့ အာမခံ မရပါ။
အဲ့ပုဒ်မအကြောင်း အကျယ်ရေးပါ့မယ်။
၅။ ဖေ့ဘုတ်ကပြောတိုင်း မယုံပါနဲ့။
Page တွေမှာ အတုတွေ အများကြီး
လူတွေမှာ အတုတွေ အများကြီး
အပြင်လောကကြီးမှာတောင်
ဒီလောက် လူလိမ်လူညာတွေပေါနေရင်
ဘယ်သူဘယ်ဝါ မမြင်ရတဲ့
ဖေ့ဘုတ်မှာဆို ပိုဆိုးတာပေါ့။
ကောလဟလတွေ
သတင်းတုတွေ
တင်းကြမ်းပြည့်နေတယ်။
Page အစစ်တွေက အပြာရောင်အမှတ်ဖြစ်
ပါတတ်ကြပါတယ်။
Thorn Nay Soe
Aungsoe Petroleum
Boykhai
Tech Lover

Post a Comment