Header Ads

header ad

နားကြပ်သုံးစွဲခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ကြောက်မက်ဖွယ် အရာများ


နည်းပညာက ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် နည်းပညာပေါ်ပေါက်လာမှုနဲ့အတူ မိမိတို့ကျန်းမာရေးအပေါ် အပျက်သဘော အကျိုးသက်ရောက်မှုလည်း ရှိပါတယ်။ ကျန်းမာရေးပြသနာတွေ ဖန်တီးဖြစ်ပေါ်စေတဲ့ နည်းပညာပစ္စည်းတချို့အနက် နားကြပ်က တစ်ခုအပါအဝင် ဖြစ်ပါတယ်။


ဒီနည်းပညာဆန်းသစ်တီထွင်မှုက အကောင်းဆုံး တေးသီချင်းတွေနဲ့ ပိုမိုနီးစပ်မှုရစေကာ အလွယ်တကူ နားဆင်လို့ ရစေပါတယ်။ နောက်ပိုင်း လူတွေဟာ နားကြပ်ကို လေ့ကျင့်ခန်းလုပ်နေစဉ်၊ ခရီးသွားရင်း၊ နောက်ပြီး တခါတလေ ကော်ဖီသောက်ရင်း အသုံးပြုလာကြပါတယ်။ နားကြပ်အလွန်အကျွံသုံးစွဲမှုကြောင့် မိမိတို့ကျန်းမာရေး ထိခိုက်ယိုယွင်းစေပုံကို လေ့လာကြည့်ရအောင်။

  • အကြားအာရုံဆုံးရှုံးခြင်း

နားကြပ်အသုံးပြုတဲ့အခါမှာ အော်ဒီယိုအသံက နားထဲတိုက်ရိုက် ထိုးဖောက်ဝင်ရောက်ပါတယ်။ အသံကျယ်လောင်မှု ၉၀ ဒီစီဘယ်လ်ထက် ကျော်လွန်ပါက အသံရှင်းလင်းစွာကြားနိုင်စွမ်းရည် အနှောင့်အယှက်ဖြစ်စေပြီး အကြားအာရုံဆုံးရှုံးမှုပါ ဖြစ်စေတတ်ပါတယ်။ ဒီတော့ နားကြပ်နဲ့ သီချင်းနားထောင်ရင် သင့်လျော်တဲ့ အသံအနေအထားလောက်မှာပဲ နားထောင်ပါ။

  • နားရောဂါကူးစက်မှု

ကျွန်ုပ်တို့ဟာ နားကြပ်ကို သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မျှသုံးလေ့ရှိပါတယ်။ ဒီလိုမျှသုံးခြင်းဖြင့် နားရွက်ရောဂါကူးစက်မှုလည်း ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးတွေ နားကြပ်ကနေတဆင့် နားရွက်တစ်ခုကနေ တစ်ခုသို့ အလွယ်တကူ ကူးနိုင်ပါတယ်။

  • ဦးနှောက်ပေါ် အပျက်သဘောအကျိုးသက်ရောက်မှု

ဦးနှောက်အတွင်း နားကြပ်ကြောင့် ဖြစ်ပေါ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတချို့ရှိပါတယ်။ ဒီသံလိုက်လှိုင်းတွေက ဦးနှောက်ဆဲလ်တွေအပေါ် အပျက်သဘော အကျိုးသက်ရောက်မှု ပြင်းထန်စွာ ဖြစ်စေနိုင်ပါတယ်။ ဒီ့အပြင် နားရွက်အတွင်းပိုင်းအကန့်က ဦးနှောက်နဲ့ ဆက်သွယ်ထားတာမို့ နားရွက်ရဲ့ ဒီအစိတ်အပိုင်းအတွင်း ရောဂါကူးစက်မှု အနည်းငယ်ရှိပါက မိမိကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

  • အလုံပိတ်ထားခြင်း

အခုခေတ်မှာ မြူးဇစ်ကွာလတီကောင်းစေဖို့အတွက် နားပေါက်ထဲ လေဝင်လေထွက်နည်းနိုင်သမျှ နည်းအောင် နားကြပ်ကို ဖန်တီးထားပါတယ်။ ဒီအချက်က နားပေါက်ကို အလွန်တကူ ရောဂါကူးစက်စေပါတယ်။

Ref: ladiescaretips
7techlover.com

No comments

Powered by Blogger.