Header Ads

header ad

အင်တာနက်မှာရှိနေတဲ့ ကိုယ့်ကိုယ်ရေးအချက်အလက်တွေကို ဘယ်လို ဖျက်မလဲ။

အကယ်၍ ကိုယ့်မှာ Facebook လိုမျိုး လူမှုကွန်ယက် အကောင့် တစ်ခု ရှိနေတယ်ဆိုရင် ကိုယ် Facebook ပေါ်မှာ ဘယ်လို အချက်အလက်မျိုး တင်ခဲ့လဲဆိုတာ စဉ်းစားကြည့်ပါ။
ကိုယ့်မွေးနေ့၊ ကိုယ့် နေထိုင်တဲ့ မြို့၊ ကိုယ်တက်ခဲ့တဲ့ ကျောင်း၊ ကိုယ်အလုပ်လုပ်နေတဲ့ နေရာ၊ ကိုယ်ဘယ်သူနဲ့ ရှိနေသလဲ ၊ ကိုယ်ဘယ်နေရာရောက်နေသလဲ၊ ကိုယ်ဓာတ်ပုံတွေ စတဲ့ ကိုယ်ရေးအချက်အလက်များကို တင်ခဲ့ကြပါလိမ့်မယ်။
ကိုယ့် Facebook အကောင့်ကို ကြည့်လိုက်တာနဲ့ ကိုယ်နဲ့ အပြင်မှာ မတွေ့ဖူးတဲ့လူတစ်ယောက်က ကိုယ့်အကြောင်းကို တော်တော် သိနေလောက်ပါပြီ။
အဲ့လို လူမှုကွန်ယက် Facebook ပေါ်မှာ ကိုယ့်အကြောင်းများများတင်ရင် အန္တရာယ်ကို တံခါးဖွင့် ကြိုဆိုနေသလိုပါဘဲ။ ဒါကြောင့် အင်တာနက်ပေါ်မှာရှိနေတဲ့ ကိုယ်ရေးအချက်အလက်တွေ ဘယ်လို ဖျက်မလဲ။


ကိုယ့် အကောင့်ကို ဖျက်လိုက်ပါ။
ကိုယ့်အကြောင်းတွေကို ဖျက်ဖို့ အကောင်းဆုံးက အခုလက်ရှိကိုယ်သုံးနေတဲ့ အကောင့်ကို ဖျက်လိုက်တာပါဘဲ။ ကိုယ့် Facebook အကောင့်ကို Deactivate လုပ်လိုက်ရင် ကိုယ်နာမည်၊ ဓာတ်ပုံ နဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေက သူ့အလိုလို ပျက်သွားမှာပါ။
အကယ်၍ ကိုယ့်အကောင့်ကို မဖျက်ချင်ဘူးဆိုရင်
အကောင့်ထဲမှာရှိနေတဲ့ ကိုယ့် ဓာတ်ပုံတွေ၊ နာမည်တွေ နဲ့ တခြား ကိုယ်ရေး အကြောင်းအရာတွေကို ဖျက်လိုက်ပါ။ ကိုယ့်အကောင့်ကို သုံးနေပေမယ့် ကိုယ့်အပြင် ဘ၀နဲ့ ပတ်သက်တဲ့အကြောင်းတွေကို မတင်မိစေပါနဲ့။


Mail ထဲမှာရှိတဲ့ မဆိုင်နဲ့ မေးလ်တွေကို ရှင်းပစ်ပါ။
ကြော်ငြာ မေးလ်တွေ၊ ကိုယ်ဝင်ကြည့်ဖူးတဲ့ ၀က်ခ်ဆိုဒ် ကြေငြာမေးလ်တွေက ၀င်နေပါလိမ့်မယ်။ အချိန်ခဏပေးပြီး အဲ့ဒီ မေးလ်တွေအားလုံးကို ဖျက်လိုက်ပါ။ တချို့မေးလ်တွေမှာ Unsubscribe ဆိုတဲ့ ခလုတ်ပါဝင်ပြီး ကိုယ်မလိုချင်တဲ့မေးလ်တွေ မ၀င်လာအောင် လုပ်ဆောင်လို့ရပါတယ်။ တခါတလေ “Report Spam” ခလုတ်ကို ရွေးပြီး ကိုယ်မလိုချင်တဲ့မေးလ်တွေ Spam ထဲရောက်သွားမှ မေးလ်တွေကို အားလုံး select လုပ်ပြီး Delete Forever ကို နှိပ်လိုက်ပါ။ ပြီးရင် Trash ထဲမှာ Empty Trash Bin ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ်မလိုချင်တဲ့ မေးလ်တွေအားလုံးပျက်သွားပါလိမ့်မယ်။

Credit-mytechmyanmar
TechLover

No comments

Powered by Blogger.