Header Ads

header ad

Powered by Blogger ဖျက်နည်း

ဒါလေးကတော့ မိမိတို့ Blog တစ်ခုဖွင့်လိုက်ပြီ ဆိုတာနဲ့ မဖြစ်မနေပါလာတတ်တဲ့ Prowered by Blogger ဆိုတဲ့စာတမ်းလေးကို ဖျက်နည်းပါ ဒီစာတမ်းလေးကတော့ မိမိ မလိုချင်ပေမယ့် ပုံမှန် Gadget တွေကိုဖျက်သလို ဖျက်လို့မရပါဘူး ဘာကြောင့်လည်းဆိုတော့ သူကိုဖွင့်လိုက်တာနဲ့ Remove ဆိုတဲ့ဖျက်တဲ့နေရာ မပါလို့ပါပဲ မိမိ မလိုချင်ပေမယ့် Blog မှာတွေကပ်နေပါတယ် အဆိုးဆုံးဖြစ်တာကတော့ Templates တွေကို နှစ်ခါ သုံးခါလောက်ပြောင်းလိုက်တဲ့အခါ Labels တွေကြားမှာ ရွေ့မရ ပြုမရ ဖြစ်နေတတ်ပါတယ် ဒါဆိုဒီစာတမ်းလေးက မိမိတို့ရဲ့ Blog မှာအမြင်ကပ် စရာကြီးဖြစ်နေပါတယ် ဒါကိုဖျက်နည်းမသိသေးသော Blogger မိတ်ဆွေများအတွက် ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် Blogger ဆရာကြီးတွေ အတွက်တော့ မရည်ရွယ်ပါ တက်သစ်စ Blogger သစ်လေးများအတွက်ပါ ဖျက်နည်းအမျိုးမျိုး ရှိတဲ့အထဲက အလွယ်ကူဆုံး နည်းလမ်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် Prowered by Blogger စာတမ်းလေးကို ဖျက်မယ်ဆိုရင်........
(၁) မိမိတို့ Blog ကို Sign in ဝင်လိုက်ပါ
(၂) Template ကိုသွားပါ
(၃) Edit HTML မှာနှိပ်ပါ
အောက်ကပုံလေးအဆင့်ကိုရောက်ရင်တော့ Box ထဲမှာ တစ်ချက်နှိပ်ပြီး Ctrl+F ကိုတွဲနှိပ်လိုက်ပါ ပြီးရင် ပေါ်လာတဲ့ Box လေးထဲမှာ Attribution1 လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ပြီးရင် အောက်က ပုံလေးမှာ အနီရောင်နဲ့ ဝိုင်းပြထားတဲ့နေရာတွေကို ဖျက်လိုက်ပါ ပြီးတော့ အခုနားကအပေါ်ညာဖက်ထောင့်နားလေးမှာ ရေးခဲ့တဲ့ Attribution1 Box လေးကိုဖျက်လိုက်ပါ ပြီးရင် Save template မှာနှိပ်ပြီး View Blog ကိုနှိပ်ပြီးဝင်ကြည့်လိုက်ပါ Powered by Blogger ဆိုတဲ့ စာတမ်းလေးပျောက်သွားတာ တွေ့ရပါလိမ့်မယ် အားလုံးအဆင်ပြေပါစေ.........

No comments

Powered by Blogger.