Header Ads

header ad

Myanmar Matrix Font



"Myanmar Matrix Font" Root မလိုထည့်သွင်း မြန်မာစာလုံးအလှတစ်ခုဖြစ်ပါသည်။
ဖုန်းမှာမြန်မာစာလုံးအလှသုံးချင်သူများအတွက်
Myanmar Matrix ဆိုတဲ့စာလုံးအလန်းလေးတစ်ခုပါ။
အရမ်းလန်းပါတဲ့စာလုံးပုံစံလေးပါ။
Samsung, Huawei, Vivo, Oppo, Xiaom(MIUI) တို့လိုဖုန်းတွေမှာ
Root မလိုအပ်ပဲအလွယ်တကူအသုံးပြုနိုင်ပါတယ်။
ဒီတစ်ခုတည်းနဲ့အကုန်အလုပ်ပြီးပါတယ်၊ ဖိုင်ဆိုဒ်ကလည်း 2MB တည်းပါပဲ။
MIUI 8 အထက်တွေမှာလည်းလွယ်လွယ်ကူကူ Root မလိုပဲပြောင်းနိုင်ပါတယ်။
Huawei Android Version 6.0 တွေမှာလည်းလုံးဝအဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။
Samsung 6.0 အထက်တွေမှာတော့ Root နဲ့မှအဆင်ပြေပါလိမ့်မယ်။
Samsung, Huawei, Oppo, Xiaomi, Vivo မဟုတ်တဲ့အခြားဖုန်းတွေမှာတော့ Root လိုအပ်ပါတယ်။
Root နဲ့သွင်းရင်တော့ Coc, Smule တို့မှာရောမြန်မာစာလုံးဝမှန်သွားပါလိမ့်မယ်။
Samsung တို့လို Browser မှာစာမမှန်တာတွေကိုရော 100% OK သွားပါလိမ့်မယ် ;)
အဆင်မပြေတဲ့ဖုန်းတွေရှိရင်တော့ Comment ပေးခဲ့ကြပါ။
အောက်မှာပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်။
Play Store အဆင်ပြေသူများအနေနဲ့ Play Store ကနေအဓိကဒေါင်းယူပေးပြီး Review ပေးခဲ့ကြပါဦး။


အသုံးပြုနည်း
===========
အသုံးပြုနည်းကတော့လွယ်ပါတယ်။
အကုန်လုံး One Click တွေပါပဲ :)

Samsung နဲ့ Oppo ဆို "ထည့်သွင်းမည်" ကိုနှိပ်ပြီး Install လုပ်ပေးပါ။
ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Myanmar Matrix(iFont) ကိုရွေးပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Vivo ကတော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်(၁)" ကိုနှိပ်ပါ။
မရရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Font တွေထဲမှာ Myanmar Matrix Font ကိုရွေးပြီး Apply လုပ်ပေးပါ။
မရသေးရင် File Manager ထဲကိုသွားပြီ Vivo Myanmar Font ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး
Matrix.itz သို့မဟုတ် Matrix.txj ကိုဖွင့်ပြီး Apply လုပ်ပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Huawei ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။
Theme တွေထဲမှာ Myanmar Matrix Font ဆိုတဲ့ Theme ကိုရွေးပြီး Apply ပေးလိုက်ပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Xiaomi ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး System Font သို့မဟုတ် Theme ထဲက Font ထဲမှာ
Myanmar Matrix Font ဆိုတဲ့ Font ကိုရွေးပြီး Apply လုပ်ပေးလိုက်ပါ၊။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

တကယ်လို့ကိုယ့်ဖုန်းကအပေါ်ကပြောခဲ့တဲ့ဖုန်းတွေမဟုတ်လို့ပဲဖြစ်ဖြစ် Root ရှိလို့ပဲဖြစ်ဖြစ်
Other(#Root) ကိုနှိပ်ပြီး Root တောင်းလာရင် Grant သို့ Allow ပေးပြီးလက်ခံပေးလိုက်ပါ။
ပြီးရင် "ထည့်သွင်းမည်" ကိုနှိပ်ပြီး ၅ စက္ကန့်လောက်နေရင်ဖုန်းက Restart ကျသွားပါမယ်။
ပြန်တက်လာရင်တော့ ဘယ်နေရာသွားသွားမြန်မာစာအားလုံး Ok ပါပြီ ;')
မူလအတိုင်းပြန်ထားချင်ရင် "မူလအတိုင်းပြန်လည်ထားရှိမည်" ကိုနှိပ်ပြီးပြန်ထားနိုင်ပါတယ် :D
#MyanmarMatrixFont

Developed By : Myanmar Android App
Website : http://www.MyanmarAndroidApp.com
Facebook Page : https://www.facebook.com/MmFreeAndroidApps/

Screenshots
=========








No comments

Powered by Blogger.