Header Ads

header ad

Facebook အသုံးပြုခြင်းဟာ နီကိုတင်းကဲ့သို့ စွဲလမ်းစေနိုင်


နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာရှိတဲ့ ဗီရဂျီ တက္ကသိုလ် လေ့လာချက်တစ်ခုမှ Facebook သုံးစွဲသူ လူ အယောက် ၂၀၀  ကို လေ့လာစမ်းသပ်ခဲ့ရာတွင် Facebook အသုံးပြုသူများဟာ Facebook Logo ဖြစ်တဲ့  F လေးကို မြင်လိုက်ရုံလိုက်ဖြင့် Facebook သုံးချင်စိတ်ဟာ ထိန်းလို့မရအောင်ပေါ်ပေါက်လာနိုင်တယ် လို့ ဆိုပါတယ်။လေ့လာသူတွေကတော့ ဒီစွဲလမ်းစိတ်ဟာ နီကိုတင်းဓာတ်စွဲလမ်းခြင်း (သို့) ချောကလတ် စွဲလမ်းခြင်းနဲ့ တူတူပဲဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ဆိုရှယ်မီဒီယာတွေဟာ ဆေးလိပ် (သို့) အရက်သောက်ခြင်းတို့ကဲ့သို့ စွဲလမ်းစေပြီး ရေရှည်မှာ ကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေနိုင်တယ် လို့ လေ့လာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။


Facebook ကိုပုံမှန်သုံးစွဲသူတွေအနေနဲ့ Facebook Logo ကိုမြင်ရုံမျှဖြင့် Facebook အကောင့်ထဲ ၀င်ချင်စိတ်ဟာ တားဆီးလိုမရအောင်ပေါ်ပေါက်လာပြီး Facebook ရဲ စွဲဆောင်မှုကို မလွန်ဆန်နိုင်ကြောင်း မိမိကိုကိုယ် သတိထားမိလာရင်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ် လို့ လေ့လာချက် က ဆိုခဲ့ပါတယ်။

လေ့လာမှု ကို ခေါင်းဆောင်ပြုလုပ်ခဲ့တဲ့ ဒေါက်တာ ဂူဒို ဗန် ကိုနင်ဘရက်ဂျန်(Dr Guido van Koningsbruggen) ကတော့ ”  ပုံမှန် Facebook အသုံးပြုနေတဲ့ သူတွေဟာ Facebook နဲ့သတ်ဆိုင်တဲ့ အရိပ်အမြွက်လေး (Logo စသည်) မြင်လိုက်ရုံဖြင့် ပိုပြီး ပျော်ရွှင်လာကြပြီး Facebook ကိုပုံမှန် မသုံးစွဲတဲ့ သူတွေကတော့ Facebook logo ကို မြင်လိုက်ရလည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲသွားခြင်းမရှိပါဘူး။အခုလေ့လာချက်ဟာ ကျွန်တော်တို့ အဆိုပြုချက်တစ်ခု ဖြစ်တဲ့ ဆိုရှယ်မီဒီယာ ပုံမှန်အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာနဲ့ပါတ်သတ်တဲ့ အရိပ်အမြွက်လေး မြင်လိုက်ရုံဖြင့် ပိုပြီး ပျော်ရွှင်သွားကြတယ် ဆိုတဲ့ အဆိုကို ထောက်ခံခဲ့ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။



သူတို့ရဲ့လေ့လာချက်ဟာ Social Media စွဲလမ်းမှု အတိုင်းတာကို စမ်းသပ်ရန်ပြုလုပ်ခဲ့တာဖြစ်ပြီး လူအယောက် ၂၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။လေ့လာချက်ထဲမှာ Facebook အသုံးပြုနေကျသူများဟာ Facebook Logo ဖြစ်တဲ့ F ကို မြင်လိုက်ရုံမျှဖြင့် ပိုပျော်ရွှင်လာကြပြီး ရံဖန်ရံခါ အသုံးပြုသူများကတော့ သက်ရောက်မှု မရှိဘူး လို့သိရပါတယ်။


ဗီရဂျီ တက္ကသိုလ် မှ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု စာရွက်ထဲမှာတော့ ” Social media အသုံးပြုသူတွေကို Social Media နဲ့ပါတ်သတ်တဲ့ အရိပ်အမြွက်လေးပြလိုက်ရုံဖြင့် ပင်ကိုစေ့ဆော်မှုကဲ့သို့ စွဲလမ်းမှုတွေ ဖြစ်ပေါ်လာတာကိုတွေ့ရှိခဲ့ပါတယ်။” လို့ရေးသားထားခဲ့ပါတယ်။
Arkar Hein (Shwemom)

No comments

Powered by Blogger.