Header Ads

header ad

Facebook ကုမ္ပဏီက အလုပ်သင် ၀န်ထမ်းတစ်ဦးရဲ့ တစ်လ လစာက အမေရိကန်ဒေါ်လာ ၈ထောင် နီးပါးရှိနေ

နာမည်ကြီး ကုမ္ပဏီတွေမှာ အလုပ်သင် လုပ်ခွင့်ရရင်တော့ တစ်လကို ဒေါ်လာ ထောင်ပေါင်းများစွာ လစာအဖြစ် ရရှိနေမှာပါ။
အမေရိကန်ပြည်ထောင်စု အလုပ်ရှာဖွေရေး ၀က်ခ်ဆိုဒ်တစ်ခုဖြစ်တဲ့ Glassdoor က အလုပ်သင်ဝန်ထမ်းတွေရဲ့ လစာအကောင်းဆုံး ပေးနိုင်တဲ့ ကုမ္ပဏီ ၂၅ ခုစာရင်းကို ထုတ်ပြန်လိုက်ရာမှာ Facebook က နံပါတ်၁ ဖြစ်နေပါတယ်။
Facebook က အလုပ်သင်ဝန်ထမ်း တစ်ဦးကို ပေးတဲ့ လစာက ၁ လကို ဒေါ်လာ ၈ ထောင်နီးပါးရှိနေတာကြောင့် တစ်နှစ်ကို ဆိုရင် ဒေါ်လာ ၉သောင်း ၆ ထောင်နီးပါး ရရှိနေမှာဖြစ်ပါတယ်။ (ဒါပေမယ့် Facebook ရဲ့ အလုပ်သင် ၀န်ထမ်း ထက်ဝက်ကျော်ဟာ အဲ့ဒီ ပမာဏထက်ကို ပိုရနေကြပါတယ်။)
မိုက်ခရိုဆော့ ကုမ္ပဏီက တစ်လကို ဒေါ်လာ ၇၁၀၀ ပေးနိုင်တာကြောင့် ဒုတိယ လစာ အပေးဆုံးကုမ္ပဏီဖြစ်ပါတယ်။
Salesforce၊ Amazon၊ Apple၊ Yahoo၊ Dell ကုမ္ပဏီတို့က လစာအပေးနိုင်ဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းထဲမှာ ပါဝင်ပြီး အမေရိကန်ဒေါ်လာ ၆၀၈၀ ကနေ ၆၄၅၀ ကြား ပေးနိုင်ပါတယ်။
Google ကုမ္ပဏီကတော့ အမေရိကန်ဒေါ်လာ ၆၀၀၀ နဲ့ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။
လစာစာရင်းကို ကြည့်ရင်တော့ နည်းပညာ ကုမ္ပဏီတွေက လစာအပေးနိုင်ဆုံး စာရင်းထဲမှာ ပါဝင်နေပါတယ်။ ငွေကြေးရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကုမ္ပဏီတွေကတော့ ၁ လကို ဒေါ်လာ ၅၄၀၀ လောက်သာ စတင်ပေးနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် တခြား အသက်မွေးဝမ်းကျောင်းတွေမှာတော့ ကျောင်းပြီးပြီးချင်း အလုပ်သင်အနေနဲ့ ၀င်လုပ်မယ်ဆိုရင်တော့ ၁ လကို ဒေါ်လာ ၂၆၀၀ လောက်ဘဲ ရကြလေ့ရှိပါတယ်။
ဒါတောင် ၂၀၁၆ ခုနှစ်က တက္ကသိုလ်ဘွဲ့ရ သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲကမှ ၅၆%ကသာ လစာရတဲ့ အလုပ်သင်အလုပ်ကို ရရှိကြတာဖြစ်ပါတယ်။
Ref-MyTechMyanmar

No comments

Powered by Blogger.