Header Ads

header ad

Facebook မှာ သူငယ်ချင်းနဲ့အတူတူ Live Video တင်နိုင်ပြီ


Facebook မှာ ယခင်က တစ်ဦးတည်း၊ တစ်ယောက်တည်း Live Video တင်ခဲ့ရာကနေ အခုတော့ သူငယ်ချင်းနဲ့အတူတူ Live Video တွေကိုပါ တင်နိုင်ပြီ ဖြစ်တယ် လို့ သိရပါတယ်.။

သုံးစွဲသူတွေအနေနဲ့ Portrait နဲ့ Landscape Mode တွေကိုပါ မိတ်ဆွေ၊ သူငယ်ချင်းတွေ နဲ့ အတူတူ ရောယှက်ပြီး Live Video တင်နိုင်ပြီ ဖြစ်သဖြင့် နောက်ပိုင်းမှာ Selfie နဲ့ Group Selfie တွေကို အဓိကထားရောင်းချပေးမယ့် မိုဘိုင်းဖုန်းတံဆိပ်တွေ အတွက် အားသာချက်တွေ အများအပြား ရှိလာခဲ့ပြီ လို့ ဆိုပါတယ်။ နယ်ဝေး၊ ခရီးဝေး နဲ့ ရေခြား၊ မြေခြား မှာ နေထိုင်ကြရတဲ့ မိသားစုတွေ နဲ့ သူငယ်ချင်း မိတ်ဆွေ တွေအတွက် အဲဒီ လို အတူတကွ ယှဉ်တွဲ တင်မယ့် Video တွေကို အများအပြား တွေ့ရလာဖွယ် ရှိတယ် လို့ Facebook က အင်္ဂါနေ့မှာ အတည်ပြု သတင်း ပြောကြားခဲ့ပါတယ်။
Facebook သုံးစွဲသူ iOS သမားတွေအနေနဲ့ update ပြုလုပ်သုံးစွဲနိုင်မှာဖြစ်ပြီး Android သမားတွေ အတွက်ကိုတော့ အဲဒီ လုပ်ဆောင်ချက် ဟာ သုံးလို့ ရရှိနိုင်ပြီ ဆိုတာကိုမူ အတည်ပြုပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

Ref : DM, Verge
digitaltimes.com.mm
Tech Lover(နည်းပညာချစ်သူ)

No comments

Powered by Blogger.