ကား ပေါ် ဖုန်းအား မသွင်းသင့်တဲ့ အကြောင်းအရင်း (၃) ချက်
ကျွန်တော်တို့ မိမိတို့ ဖုန်း ဘက်ထရီ ကို နီရဲတဲ့အထိ သုံးတတ်ကြပါတယ်။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်ထိ မရောက်ခင် အားပြန်သွင်းပေးသင့်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ပွတ်တာလေး ရပ်ပြီး အားသွင်းကြိုး လိုက်ရှာတဲ့ အလုပ် ဘယ်သူလုပ်ချင်ပါ့မလဲ။ ဘက်ထရီ အနည်းငယ်နဲ့ အမြဲတမ်းသုံးနေမယ်ဆိုရင် ဒီလို ဇွတ်အတင်းလုပ်ဆောင်ချက်တွေက ကြောက်မက်ဖွယ်ကောင်းတဲ့အခြေအနေတွေ ဖိတ်ခေါ်နေတာ သင်သိပါသလား။ အိမ်မှာမရှိတဲ့အချိန် ရရာ အားသွင်းကြိုး ဆွဲမိပါလိမ့်မယ်။ လမ်းပေါ်ရောက်ရင် အန္တရာယ်များတဲ့ ကားပေါ်က အားသွင်းပေါက် မှာ ထိုးပြီး သွင်းပါလိမ့်မယ်။ ကားချာဂျာနဲ့ အားသွင်းတာ မကောင်းတဲ့ အကြောင်းအရင်း (၃) ခု ရှိပါတယ်။ ၁။ ထိထိရောက်ရောက် အားမဝင်တာ
ကျွန်ုပ်တို့ ကားပေါ်က USB အပေါက်မှာ ကောက်ထိုးလိုက်ကြပါတယ်။ ဖုန်း မသုံးဘူးဆိုရင် ရှိနေတဲ့ လျှပ်စစ်အားပမာဏ ထိန်းပေးရုံသာရှိပါလိမ့်မယ်။ ဒါမှမဟုတ် တကယ်လို့ ဖုန်း ကို သုံးနေမယ်ဆိုရင် အားလျှော့နှုန်း နည်းစေရုံသာရှိပါမယ်။ ဒါပေမယ့် ဒီလိုလုပ်တာ တကယ်အန္တရာယ်ရှိပါတယ်။
၂။ ကား ဘက်ထရီ ယုတ်လျှော့စေနိုင်
ဖုန်းချာဂျာ အပြင် တက်ဘလက် နဲ့ လက်တော့ပ် အပါအဝင် ချာဂျာ တွေက ကား ဘက်ထရီ ကုန်ခမ်းပြီး တစ်နေရာမှာ သောင်တင်စေနိုင်ပါတယ်။ ကား ဘက်ထရီ ဟောင်းနေပြီး လျှပ်စစ်ဓာတ်အားနောက်ဆုံး ၂% သာ ထိန်းထားပါက ကားစက် အလွယ်တကူ သေစေနိုင်ပါတယ်။ တက်ဘလက်နဲ့ လက်တော့ပ်တို့က ကားဘက်ထရီကို ပိုလို့တောင် မြန်မြန်ကုန်ခန်းစေနိုင်ပါတယ်။ လုံခြုံစိတ်ချစေဖို့အတွက် Power Jolt လို ဖုန်း နဲ့ လိုက်ဖက်အဆင်ပြေတဲ့ ကားချာဂျာကို အသုံးပြုပါ။
၃။ တခါတခါ လျှပ်စစ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပွားစေနိုင်
ရှေ့မီးနဲ့ အတွင်းပိုင်းမီးတွေအတွက် အဓိကအသုံးပြုထားတဲ့ ကားတွေရဲ့ ၁၂ ဗို့ လျှပ်စစ်ဓာတ်အားစနစ်က ကြီးမားတဲ့ စတီရီယို၊ များစွာသော gadget တွေနဲ့ အီလက်ထရောနစ်ကိရိယာတွေနဲ့အတူ ခေတ်မီကားတွေရဲ့ လုပ်ဆောင်ချက်တွေကို လည်ပတ်စေဖို့ ဖန်တီးထားတာမို့ ကားချာဂျာတွေ အသုံးပြုခြင်းကို ကျွမ်းကျင်သူတွေ အားမပေးပါဘူး။ ပါဝါ ဒရဟောကုန်ဆုံးမှုနဲ့ တခြားလျှပ်စစ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှောင်ရှားဖို့အတွက် ကားစက်နိုးချိန် သို့မဟုတ် စက်ရပ်ချိန်တို့မှာ ပလပ်ထိုးမထားပါနဲ့။ လောင်စာဆီ အလဟဿ မဖြစ်စေဖို့အတွက် Auto Start Stop function အသုံးပြုထားတဲ့ ကားဆိုရင် ကားထဲ ဖုန်းအားသွင်း တာ အထူးသတိထား သင့်ပါတယ်။
Credit: trendmyanmar

Post a Comment