Header Ads

header ad

ကမ္ဘာတစ်ဝှမ်းက သွားလည်ဖို့ အကောင်းဆုံးနေရာတွေမှာ မြန်မာပါဝင်လာ


Visa တွေ၊ Passport တွေ အလွယ်တကူ လျှောက်လို့ ရနေတဲ့ ခုခေတ်ကြီးမှာ အရင်လို အဲ့ဒါတွေ အတွက် ပူစရာမလိုဘဲ ပိုက်ဆံလေးသာ စုထားလိုက်၊ ကမ္ဘာပတ်ပြီး ကဗျာစပ်လို့ ရနေပြီဗျာ။ အဲ.. ကဗျာစပ်မယ်ဆိုလည်း ကဗျာစပ်ရလောက်အောင် လှတဲ့ သွားလာလို့ ကောင်းတဲ့ ကမ္ဘာတစ်ဝှမ်းက နေရာတွေ အတွက်လည်း မသိလို့လည်း မပူနဲ့နော်။ အခရာက ဒီလို စုစည်းပေးထားတယ်။



Leopard spotting in Sri Lanka.
Leopard spotting in Sri Lanka

၁) Sri Lanka
ကျားသစ်ဆိုတာ အာဖရိကတောတွေထဲမှာတောင် တွေ့ဖို့ အခက်ခဲဆုံး ကြောင်မျိုးစိတ်တွေထဲက တစ်မျိုးပါ၊ ဒါပေမယ့် သီရိလင်္ကာရဲ့ Yala အမျိုးသားဥယျာဉ်မှာတော့ ဒီကောင်တွေ ပေါများစွာ တွေ့ ရှိနိုင်ပြီး နေ့စဉ်တွေ့ရဖို့ကို အာမခံနိုင်ပါတယ်တဲ့။ ဒါဟာပဲ သီရိလင်္ကာကို သွားသင့်တဲ့ ဆွဲဆောင်မှုအရှိဆုံး အကြောင်းပြချက်တစ်ခုပါ။
ဘယ်ချိန်သွားသင့်လဲ – ဇန်နဝါရီလနောက်ပိုင်းပါ။ ရာသီဥတုအေးမြပြီး လူဒီလောက်မများတော့ပါဘူး။
၂) Myanmar
သွားလည်ဖို့ အကောင်းဆုံး နိုင်ငံတွေထဲမှာ မြန်မာပါတယ်ဆို အံ့သြစရာတော့ မရှိပါဘူးဗျ၊ အညွှန်းခံရဆုံးနေရာကတော့ ပုဂံပေါ့၊ တခြားနေရာတွေအနေနဲ့တော့ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိတဲ့ ကချင်ပြည်နယ်၊ လှပတဲ့ ကျွန်းစုတွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစု၊ မြန်မာပြည်အလယ်ပိုင်း အသည်းနှလုံးနေရာ မန်းရွှေမြို့တော်၊ မင်းကွန်း၊ အင်းဝ ..မြန်မာတစ်နိုင်ငံလုံး နီးပါးပါပဲ 😀
ဘယ်ချိန်သွားသင့်လဲ – အောက်တိုဘာကနေ မတ်လထိပါ၊ အဲဒီအချိန်ဆို ရာသီဥတုက အေးမြပြီး ခြောက်သွေ့ပါတယ်။ ကောင်းကင်ကြီးက သာယာကြည်လင်နေပြီး နေထွက်ချိန်နဲ့ အရမ်းမိုက်တဲ့ နေဝင်ဆည်းဆာကို တွေ့မြင်ရပါလိမ့်မယ်။



One of many pretty cobblestoned streets in Valletta, Malta
One of many pretty cobblestoned streets in Valletta, Malta

၃) Malta
Malta ရဲ့ မြို့တော် Valletta ကို ၂၀၁၈ ခုနှစ်မှာ ဥရောပရဲ့ ယဉ်ကျေးမှုမြို့တော်ဖြစ်လာလိမ့်မယ်လို့ ကြေငြာပြီးတည်းက ဆိပ်ကမ်းခရိုင်တွင်းမှာ ရှိတဲ့ စွန့်ပစ်ခံထားရတဲ့ Baroque စတိုင် အိမ်တွေဟာ သွားလည်ဖို့ အကောင်းဆုံးနေရာဖြစ်လာပြီးတော့ အခုတော့ လှပတဲ့ တည်းခိုစရာအင်းတွေ အဖြစ် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ဘယ်ချိန်သွားသင့်လဲ – ရိုးရာ နယ်ခံ ယဉ်ကျေးမှုရဲ့ အရသာကို ခံစားချင်ရင်တော့ ဆောင်းဦးမှာ သွားတာ အကောင်းဆုံးပါ၊ အထူးသဖြင့် Easter ပွဲတော်ချိန်ပေါ့။





The snow-capped mountain of La Veronica, in Peru’s Sacred Valley
The snow-capped mountain of La Veronica, in Peru’s Sacred Valley

၎) Peru
ဒီ ၂၀၁၇မှာတော့ Peru ဆိုတာနဲ့ Machu Picchu ခံတပ်မြို့တော်နဲ့ Incan တွေရဲ့ ဆားအိုးကြီးဖြစ်တဲ့ Maras တောင်ကြားဒေသတွေလောက်ပဲ ပြေးမြင်ရုံနဲ့ မလုံလောက်တော့ပါဘူး။ လူတွေ သိပ်မသွားဖြစ်သေးတဲ့ နှင်းဖုံးနေတဲ့ Veronica နဲ့ Sawasiray တောင်တန်းတွေရဲ့ အလှတွေနဲ့ Titicaca ကန်ကြီးရဲ့ အဆုံးမဲ့ မိုးကုပ်စက်ဝိုင်းတွေကိုပါ သွားလာလည်ပတ်သင့်ပါတယ်။
ဘယ်ချိန်သွားသင့်လဲ – Apirl ပါ၊ Peru ရဲ့ မိုးရာသီအလွန် မြင်ကွင်းဟာ အဲဒီအချိန်မှာ အစိမ်းလန်းဆုံးပါပဲ



The newly-christened Faena Forum, in Miami Beach
The newly-christened Faena Forum, in Miami Beach

၅) Miami
Party လုပ်လို့ အကောင်းဆုံးကမ်းခြေနဲ့ နတ်မိမယ်တမျှ လှပတဲ့ ကောင်မလေးတွေနဲ့ အမေရိကန်ရဲ့ Miami ဟာ နာမည်ကျော်ပါတယ်။
ဘယ်ချိန်သွားသင့်လဲ – နိုဝင်ဘာကနေ မတ်လအထိပါ၊ ရာသီဥတုကောင်းမွန်တဲ့ အချိန်တွေပေါ့



Capetown
Capetown

၆) Cape Town
တောင်အာဖရိကနိုင်ငံမှာ ရှိတဲ့ ကမ်းရိုးတန်းမြို့လေးဟာ Cape Town မြို့ဟာ ဟိုးအရင်တည်းက ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စာရင်းမှာ အမြဲရှိနေတဲ့ မြို့ပါ၊ သူ့ရဲ့ သဘာဝအလှတွေကြောင့်ရော၊ အစားသောက်ကောင်းတွေကြောင့်ရောပေါ့။
ဘယ်ချိန်သွားသင့်လဲ – မတ်လပေါ့၊ ကောက်ရိတ်သိမ်းရာသီမို့လို့ အနီးအနားမှာ ရှိတဲ့ ဝိုင်ချက်နယ်မြေတွေဆီ Day Trip သွားလို့ အကောင်းဆုံးအချိန်ပါ။



London Big Ben and traffic on Westminster Bridge

၇) London
Brexit အလွန်မှာ လန်ဒန်ကို ခရီးသွားဖို့ ပူမနေပါနဲ့၊ Buckingham နန်းတော်၊ Big Ben နာရီစင်ကြီးရယ်၊ Westminsterဘုရားကျောင်းကြီးရယ်၊  London Eye ရဟတ်ကြီးကို စီးဖို့ ရယ် ၊ Theme မြစ်ဘေးမှာ လမ်းလျှောက်ဖို့ စိတ်ကူးတွေနဲ့ London ဟာ ခရီးသွားတွေ အတွက်တော့ အိပ်မက်ဘုံတစ်ခုပါပဲ။
ဘယ်ချိန်သွားသင့်လဲ – မေလနဲ့ ဂျွန်လအစောပိုင်းတွေ သွားရင် ပန်းတွေ အစွမ်းကုန်ပွင့်နေတဲ့ ဥယျာဉ်တွေနဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ ခမ်းနားတဲ့ မွေးနေ့ကျင်းပပုံတွေကို တွေ့နိုင်မှာပါ။



An aerial perspective of Madagascar, which some refer to as the “Galapagos of Africa.”
An aerial perspective of Madagascar, which some refer to as the “Galapagos of Africa.”

၈) Madagascar
Madagascar ဆိုတာ အာဖရိက အရှေ့တောင်ဘက်ကမ်းရိုးတန်းက ကျွန်းစုနိုင်ငံလေးပါလို့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယသမုဒ္ဒရာထဲမှာ ရှိပြီး စွန့်စားသွားလာရတဲ့ ခရီးမျိုး ကြိုက်တဲ့ သူတွေ အတွက် အံကိုက်ပါပဲ။ သူ့ရဲ့ မိုးသစ်တောနဲ့ သဘာဝအတိုင်းရှိနေတဲ့ ကမ်းခြေတွေရဲ့ အလှတွေဟာ Madagascar ရဲ့ အလှတရားစစ်စစ်ပါပဲ။
ဘယ်ချိန်သွားသင့်လဲ – မေလနဲ့ စက်တင်ဘာလတွေမှာ သုံးပါ။ Lemur Safari မှာ လူနည်းတဲ့ အချိန်ပေါ့။
ကဲ ဒီလောက်ဆို

၁။ပိုက်ဆံစု
၂။ Plan ဆွဲ
၃။ Visa လျှောက်
၎။ အထုပ်အပိုးထည့်
၅။ ဆိုတာနဲ့ Ready to Go .. သွားကြစို့ဗျာ။
ရိုးလူ (အခရာ)
Ref : www.bloomberg.com
Photo Credit : Bloomberg

No comments

Powered by Blogger.