ဆိုင်ဘာ လုံခြုံရေးပိုင်း အာရှ အားအနည်းဆုံး ဖြစ်နေ
အာရှလုပ်ငန်း အဖွဲ့အစည်း အများအပြားသည် ဆိုင်ဘာလုံခြုံရေးလွန်စွာ အားနည်းနေကြကြောင်း အမေရိကန် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီ Mandiant က နှစ်နှစ်နီးပါး စောင့်ကြည့်လေ့လာပြီးနောက် စစ်တမ်း ထုတ်ပြန်လိုက်သည်။ အာရှဒေသသည် အခြားဒေသများထက် ဟက်ကာ တိုက်ခိုက်ခြင်း ဒဏ်(၈၀) ရာခိုင်နှုန်းလောက် ပိုခံရကြောင်းလည်း Mandiant က ဆိုသည်။ တိုက်ခိုက်မှု တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် (၃ ဒသမ ၇) ဂစ်ဂါ ဘိုက်စာဒေတာများ ပါသွားကြောင်းလည်း သိရသည်။
ထိုပမာဏသည် စာရွက် စာတမ်းပေါင်း ထောင်ချီသော ပမာဏ ဖြစ်သည်။ အာရှဒေသသည် ဆိုင်ဘာလုံခြုံရေး ဥပဒေလည်း အားနည်းသဖြင့် ဟက်ကာ တိုက်ခိုက်ခံရကာ ပါသွားသည့် စာရင်းအမှန် ကိုလည်း မသိရဘဲဖြစ်နေကြောင်း Mandiant က ဆိုသည်။
လေ့လာမှု တစ်စိတ် တစ်ဒေသ အဖြစ် Mandiant သည် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ထိုအဖွဲ့အစည်းများ၏ ကွန်ပျူတာစနစ် အတွင်းသို့ ထိုးဖောက် ၀င်ရောက်ကြည့်ခဲ့ကာ ဆိုင်ဘာလုံခြုံရေး အဆင့်ကို စမ်းသပ်ကြည့်ခဲ့သည်။ လုပ်ငန်းအဖွဲ့အစည်းပေါင်း (၂၂၀၀၀) ၏ ကွန်ပျူတာ လုံခြုံရေးစနစ်များကို လေ့လာကာ စစ်တမ်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Mandiant သည် ကမ္ဘာ့ဆိုင်ဘာ လုံခြုံရေး အစီရင်ခံစာကို ပြီးခဲ့သည့် ခြောက်နှစ်ဆက်တိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အာရှဒေသကို အဓိက အသားပေး ထုတ်ပြန်မှုက ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
Source: BBC

Post a Comment