မိုဘိုင်းဖုန်း တွေ ဆက်သွယ်မှု ဧရိယာပြင်ပ ဘာ့ကြောင့် ဖြစ်တာလဲ
ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေရတဲ့ အကြောင်းအရင်းအနည်းငယ်ကို တင်ပြလိုက်ပါတယ်။လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း က ဆက်သွယ်မှု ဧရိယာပြင်ပ ကို ရောက်ရှိနေပါတယ်ဆိုတဲ့ စကားလုံးတွေကို မြန်မာနိုင်ငံ က လူတွေနဲ့တော့မစိမ်းပါဘူး။ ဒါပေမဲ့ မိုဘိုင်းဖုန်း တွေ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတယ်ဆိုတာ ဖြစ်နိုင်ခြေတွေအများကြီး ရှိပါတယ်။
မိုးဘိုင်းဖုန်း တွေ အချင်းချင်းခေါ်ဆိုရာမှာ ဖုန်း အသုံးပြုသူရဲ့ ပယောဂ ကြောင့်ဖြစ်တဲ့ အကြောင်းအရင်း တွေရှိသလို နည်းပညာ လိုအပ်ချက် နဲ့ တခြားအကြောင်းအရာ တွေ အများကြီးရှိပါတယ်။ ဒီလို အကြောင်းအရာ တွေထဲက ဖုန်း ခေါ်ဆိုနေတဲ့ အချိန် ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေရတဲ့ အကြောင်းအရင်းအနည်းငယ်ကို တင်ပြလိုက်ပါတယ်။
ကိုယ်ခေါ်ဆိုနေတဲ့ ဖုန်း က ဖုန်းတာဝါတိုင် တွေနဲ့ ဝေးတဲ့နေရာ (သို့) Mobile Signal အားနည်းတဲ့ မြေအောက်ထပ်၊ ဓာတ်လှေကား၊ အလုံပိတ်အခန်းများ စတဲ့နေရာတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။
တချို့ ဖုန်း တွေက တာဝါတိုင် အောက်တည့်တည့်မှာ (သို့) ဖုန်း အချင်းချင်း အနီးကပ်ခေါ်ဆိုရာမှာ ဧရိယာပြင်ပ ဖြစ်ရတာက Mobile Tower တစ်ခုမှာ တချိန်တည်းတပြိုင်တည်း အသုံးပြုနိုင်တဲ့ ဖုန်းအလုံးအရေအတွက် ကန့်သတ်ချက်ကျော်လွန်သွားတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင် မိုဘိုင်းတာဝါတိုင် တစ်ခုအတွက် သတ်မှတ်ထားတဲ့ ဖုန်း အလုံးအရေအတွက်ပြည့်နေရင်လည်း ကိုယ်ခေါ်ဆိုတဲ့ ဖုန်းက ဧရိယာပြင်ပ (သို့) လိုင်းမအားသေးပါလို့ ပြန်လည်ဖြေကြားပါလိမ့်မယ်။
ဒီလိုကြုံလာမယ်ဆိုရင် ကိုယ်ခေါ်ချင်တဲ့ ဖုန်းကို ဆက်တိုက်ခေါ်ဆိုနေမှာ ပြည့်နေတဲ့ အရေအတွက်ကနေ ဖုန်းတစ်လုံးချသွားရင် ကိုယ် ဖုန်း ကို အစားထိုးချိတ်ဆက် ခေါ်ဆိုပေးမှာဖြစ်ပါတယ်။
ဒါ့ကြောင့် တာဝါတိုင် တစ်ခုရဲ့ ကန့်သတ်အရေတွက် ထက်ပိုတဲ့ ဖုန်း တွေအနေနဲ့ တာဝါအောက်တည့်တည့်မှာ ခေါ်ဆိုမရခြင်း ဧရိယာပြင်ပဖြစ်ခြင်းတာတွေ ကြုံတွေ့ရတတ်ပါတယ်။
Source : MTE
Credit : Duwun

Post a Comment