Header Ads

header ad

ဖုန်း အပူလွန်ကဲမှု ထိန်းသိမ်းပေးမယ့် နည်းလမ်း (၅) ခု


စမတ်ဖုန်း က ကျွန်ုပ်တို့ဘဝမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ အမြဲတွဲပါနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီစဖုန်း နဲ့ ကျွန်ုပ်တို့ဘဝမှာ အမှတ်ရစရာတွေ၊ စွန့်စားလုပ်ဆောင်ချက်တွေ မှတ်တမ်းတင်တာ၊ share တာတို့ ကျွန်ုပ်တို့ စိတ်အားထက်သန်ကြပါတယ်။ ခုလို နေပူထဲ အသုံးပြုရာကနေ ဖြစ်ပွားတဲ့ အကျိုးဆက်တစ်ခုက ဖုန်း အပူလွန်ကဲ ခြင်း ဖြစ်ပါတယ်။ ဖုန်း အပူလွန်ကဲ မှုက စိုးရိမ်ရပြီး ကုန်ကျစရိတ်ကြီးတဲ့ ပြသနာတစ်ခုဖြစ်တတ်ပါတယ်။ မိမိ ဖုန်း ကို ရေမထိအောင် အမြဲဂရုစိုက်ကောင်း ဂရုစိုက်တတ်ကြပေးမယ့် အပူလွန်ကဲ မှု မဖြစ်အောင် ကာကွယ်ဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ပါ။ ၁။ အနားပေးပါ
လူမှုကွန်ယက် တွေသုံးရင်း like ပေးတာတွေရပ်ပြီး ဖုန်းကို ခဏအနားပေးပါ။ ဒီနည်းဖြင့် ဖုန်း ကို အေးသွားစေပါလိမ့်မယ်။
၂။ အရိပ် ထဲ သိမ်းထားပါ
အထူးသဖြင့် ပူအိုက်တဲ့နေ့တွေမှာ ဖုန်းကို နေပူထဲ မထားခဲ့ပါနဲ့။ စမတ်ဖုန်းတွေဟာ ရာသီဥတုအပေါ် ခံနိုင်ရည်နည်း ထိခိုက်လွယ်ပြီး အတွင်းဘက်အပူချိန်ဟာ သတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်တာနဲ့ အလိုအလျောက်စက်ပိတ်သွားပါတယ်။
၃။ ဂိမ်း ကစား app တွေ ပိတ်ထားပါ
ဂိမ်း ဆော့တဲ့ app တွေ ဖွင့်ထားခြင်းက ဘက်ထရီအား ပိုလိုအပ်ပြီး ခက်ခက်ခဲခဲလည်ပတ်လေ၊ အပူလွန်ကဲနိုင်ခြေ ပိုများလေပဲ ဖြစ်ပါတယ်။
၎။ ကာဗာ ထုတ်ပါ
ဖုန်း ကာဗာ က တခါတလေ အပူထိန်းထားတတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုသာယာတဲ့အချိန် သို့မဟုတ် ပူအိုက်တဲ့အချိန်မှာ ကာဗာ ချွတ်ထားပါ။ ဒါမှမဟုတ် အပူထွက်အောင် ဒီဇိုင်းဆွဲဖန်တီးထားတဲ့ ကာဗာ တွေ အသုံးပြုပါ။
၅။ အလင်း (brightness) လျော့ချပါ
App တွေဖွင့်ထားလို့ အကျိုးသက်ရောက်စေသလိုပဲ ဖုန်းစခရင်အလင်း (brightness) များလေ၊ ဘက်ထရီ ပိုကုန်လေ ဖြစ်ပါတယ်။
Credit :myanmar 24 

No comments

Powered by Blogger.