Header Ads

header ad

ဘီလ်ဂိတ် က သူ့သား၊ သမီးတွေကို အသက် ၁၄ နှစ်မှသာ ဖုန်းကိုင်ခွင့်ပြုတာပါ၊


မိုက်ကရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ် ဟာ သူ့ သား၊ သမီး တွေကို ဖုန်း ၊ တက်ဘလက်တွေ ကို အသက် ၁၄ နှစ်ကျော် မှ သာ စတင် သုံးစွဲခွင့်ပြုခဲ့သူ ဖြစ်ပြီး ခေတ်ပေါ်နည်းပညာတွေ နဲ့ ပတ်သက်လာရင် စည်းကမ်းတင်းကျပ်သူ မိဘ တစ်ဦး ဖြစ်တယ်  လို့ သိရပါတယ်။

အဲဒီအပြင် ထမင်းစားပွဲမှာလည်း သား၊ သမီးတွေကို ဖုန်း၊ တက်ဘလက်တွေကို သုံးစွဲခွင့်မပေးပဲ ထမင်းစားချိန်၊ ဖုန်းသုံးစွဲချိန်တွေကို သီးသန့်ပိုင်းခြားထားစေတဲ့အပြင် အိပ်ချိန်မှာလည်း အဲဒီ စည်းကမ်း ကို ကျင့်သုံးပေးတယ် လို့ Mirror သတင်းစာ နဲ့ တွေ့ဆုံခိုက်မှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် သူ့ သား၊ သမီးတွေ ဟာ လူငယ်ဘ၀ နဲ့ လူငယ်အရသာတွေကို ပီပီပြင်ပြင် ခံစားနိုင်စေမှာ ဖြစ်တဲ့အပြင် ဖုန်းသုံးစွဲခြင်း ထက် ပိုပြီး သင့်တော်တဲ့ အားကစားနည်းတစ်ခုခု ပြုလုပ်တာပဲ ဖြစ်ဖြစ် ၊ စာအုပ်ဖတ်တာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်ဖို့ကို ပိုပြီး လိုလားတဲ့ ဖခင်တစ်ဦး ဖြစ်ပါတယ် လို့ သတင်းစာ အင်တာဗျူးမှာ ၀န်ခံခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး သူဌေးဖြစ်သူ ဘီလ်ဂိတ် နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါဂိတ်ဟာ ရင်သွေး ၃ ဦး ပိုင်ဆိုင်ထားပြီး အသက် ၁၄ နှစ် ၊ ၁၇ နှစ် ၊ ၂၀ နှစ် တို့ အသီးသီး ရှိကြပါတယ်။
 ကမ္ဘာပေါ်မှာ  အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဘီလ်ဂိတ် ဟာ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၈၇ ဘီလီယံ ခန့် ချမ်းသာကြွယ်ဝပေမယ့်လည်း သူကိုယ်တိုင် ၁၀ ဒေါ်လာတန် ကက်စီနို နာရီ ကိုသာ ၀တ်ဆင်ပြီး ရိုးရိုးရှင်းရှင်း ဘ၀ ကို တည်ဆောက်နေသူ တစ်ဦး ဖြစ်တဲ့အတွက် သူရဲ့ သား၊ သမီးတွေကိုလည်း သူ့ကဲ့သို့ပင် လိုက်နာကျင့်သုံးစေလိုတဲ့ ဆန္ဒရှိပုံ ရကြောင်း ကို ဒေးလီးမေးလ် သတင်း စာ ထုတ်ဖော်ရေးသားထားပါတယ်။

Ref : DM
Photo Credit-Tech Lover

No comments

Powered by Blogger.