ဖုန်းဝယ်တော့မယ်ဆိုရင် ရွေးချယ်သင့်တဲ့ စမတ်ဖုန်း (၃) မျိုး
iPhone 7 Plus Jack Black

တန်ဖိုးမြင့်ဖုန်းအမျိုးအစားတစ်ခုပါ။ နောက်ဘက်မှာ 12 Megapilels ကင်မရာနှစ်လုံးပါပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ကောင်းမွန်တဲ့ ပုံရိပ်တွေကိုရရှိစေပါတယ်။ နောက်ဘက် 12 Megapixels ကင်မ ရာနှစ်လုံးမှာတော့ တစ်လုံးက Aperture f/1.8 ဖြစ်ပြီး နောက်တစ်လုံးက တော့ Aperture f/ 2.8 ပါ။ ရေစိုခံ ဖုန်းအမျိုးအစား ဖြစ်ပြီး ဒီဖုန်းရဲ့ကောင်းမွန်တဲ့ နောက်ထပ်အချက်တစ်ခုကတော့ ရေကူးကန်တွေရဲ့ ရေအောက်ထဲမှာ ဓာတ်ပုံရိုက်တဲ့အချိန်မှာတောင် ကောင်းမွန်တဲ့ ရုပ်ထွက်တွေကိုရရှိစေပါတယ်။ iPhone တွေရဲ့ထုံးစံ အတိုင်းပဲ ဖုန်းရဲ့လုံခြုံရေးနဲ့ အချက်အလက်လုံခြုံရေးပိုင်းမှာ ကတော့ ပြောစရာ သိပ်မရှိလှပါ ဘူး။ CPU ပိုင်းမှာလည်း ဒီဖုန်းက ပြောစရာသိပ်မရှိလှပါဘူး။ Chipset ကလည်း Apple A10 Fusion ဆိုတော့ ဒါကလည်း Latest မော်ဒယ်တစ်ခုဖြစ်တဲ့အတွက် တော်တော်လေးကောင်း တာတွေ့ရပါတယ်။ ၅.၅ လက်မ Screen ရဲ့ Resolution ကတော့ 1080 X 1920 ဆိုတော့ Full HD Display ပါ။ ဒါပေမယ့် လက်ရှိ Sony ကနေအသစ်ထွက်လာတဲ့ Xperia XZ Premium ရဲ့ Screen နဲ့တော့ ယှဉ်လို့မရပါဘူး။ ဒါပေမယ့် Wide color gamut display စနစ်၊ 3D Touch display နဲ့ Touch home button, Display Zoom ဆိုတဲ့စနစ်တွေကတော့ ကောင်းမွန်တဲ့စနစ်တွေလို့ဆိုရ မှာပါ။ မှတ်ဉာဏ်ပိုင်းမှာတော့ Inernal Memory ကိုအသုံးပြုသူရဲ့ စိတ်ကြိုက် ရွေးချယ်နိုင်ပေမယ့် RAM ကတော့ နောက်ပိုင်းထွက် Android ဖုန်းတော်တော်များများမှာတောင် မြင်တွေ့နိုင်တဲ့ ပမာဏမျိုး ဖြစ်နေတာလေး တစ်ခုတော့ ရှိပါတယ်။ Active noise cancellation with dedicated mic ဆိုတဲ့ နေရာမှာ ဒီဖုန်းဟာ အသံပိုင်းအတွက် နားထောင်တဲ့အချိန်မှာတင် Noise တွေကို ဖယ်ရှင်းပေးတာမဟုတ်ပဲ အသံဖမ်းတဲ့အချိန်မှာလည်း ကောင်းမွန်ကြည်လင်တဲ့ အသံဖမ်းယူမှု စနစ်အပြင် မလိုအပ်တဲ့ နောက်ခံ Noise တွေကိုတောင် အတန်အသင့် ဖယ်ရှားပြီး ဖမ်းယူပေးနိုင်တာတွေ့ရပါတယ်။ Sensor ပိုင်းတွေနဲ့ Fingerprint ပိုင်းတွေကတော့ အထွေအထူး ပြောစရာမရှိလှပါဘူး။ ဘက်ထရီပိုင်းမှာတော့ Li-Ion 2900 mAh ဘက်ထရီကြောင့် ဖုန်းက အင်တာနက် ကြည့်နေမယ်၊ လုပ်ဆောင်ချက်တွေ ဆက်တိုက်လုပ်နေ မယ်ဆိုရင် ၁ ရက်လောက်ပဲ အသုံးခံပါတယ်။ ဂိမ်းပါကစားနေမယ်ဆိုရင် တော့ ၁ ရက်တောင်မခံပါဘူး။ ဘက်ထရီပိုင်းနဲ့ RAM ပိုင်းမှာနည်းနည်း လေး အားနည်းနေတယ်လို့ ဆိုပေမယ့် အချက်အလက်လုံခြုံရေးပိုင်း၊ ကင်မရာရဲ့ ကောင်းမွန်တဲ့ရုပ်ထွက်၊ ကြည်လင်တဲ့ အသံဖမ်းယူမှု ထုတ် လွှင့်ပေးနိုင်မှုစနစ်တွေ၊ Fingerprint အပါအဝင် အခြားကျန်တဲ့စနစ်ပိုင်း တွေရဲ့ ကောင်းမွန်ခြင်းတွေကြောင့် ဒီဖုန်းကရွေးချယ်စရာတစ်ခုဖြစ်နေ စေပါတယ်။
(256GB Jackblack) – ၁,၂၉၀,၀၀၀ ကျပ်
Vivo V5 Black Edition

Vivo ရဲ့ V5 Black Edition ကအသစ်ထွက်ထားတာလို့ဆိုပေမယ့် ဖုန်းရဲ့ Specification တွေကတော့ အရင်က V5 နဲ့ ဘာမှမကွာပါဘူး။ ဈေးနှုန်း အလယ်အလတ်တန်းစားဖုန်းထဲမှာတော့ ဒီဖုန်းကလည်းရွေး ချယ်စရာတစ်ခုအနေနဲ့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်း အလယ်အလတ်စား ဖုန်းတွေထဲမှာ ရှေ့ကင်မရာ 20 Megapixels နဲ့ဆိုလို့ ပြည်တွင်းဈေးကွက်ထဲမှာ ဒီတစ်ခုပဲရှိပါသေးတယ်။ ဈေးနှုန်းအလယ် အလတ်ဖုန်းတွေထဲမှာတော့ ရှေ့ကင်မရာ အမြင့်ဆုံးဖုန်းလို့ပြောလို့ရတယ်။ နောက်ဘက်ကင်မရာကလည်း 13 Megapixels ဆိုတော့ နောက်ဘက်ကင်မရာကလည်း Megapixels မနိမ့်ပါဘူး။ မှတ်ဉာဏ်ပိုင်းမှာဆိုရင်လည်း Internal Memory က 32GB ဆိုတော့ သူ့ရဲ့ ဈေးနှုန်းနဲ့ သူ့မှတ်ဉာဏ်က လိုက်ဖက်တဲ့အပြင် RAM ပိုင်းမှာလည်း ဒီဖုန်းက မြင့်မားကောင်းမွန်တာတွေ့ရပါတယ်။ Screen ကတော့ 720 X 1280 Pixels ရှိတဲ့ IPS LCD Screen ကိုသုံးထားတဲ့အတွက် ဒါကတော့ နောက်ပိုင်းထွက် Full HD Screen တွေထပ်တော့ Resolution ကိနိမ့်နေတယ်လို့ မြင်စရာရှိပါတယ်။ CPU, GPU တွေကတော့ ဖုန်းရဲ့ဈေးနှုန်းနဲ့ကြည့်ရင် သင့်တင့်ပါတယ်။ 360 ဒီဂရီ အခြေအနေနဲ့ Lock ဖွင့်နိုင်တဲ့ Solid State Touch Fingerprint, Smart Multi Screen, Super Screenshot, Visitor mode, Smart Motion စနစ်တွေအပါအဝင် စုံလင်တဲ့ဖုန်းတွင်းအသုံးပြု Settings စနစ်တွေကလည်း ဒီဖုန်းကိုရွေးချယ်စရာ တစ်ခုဖြစ်စေပါတယ်။ Screen က Full HD Screen မဖြစ်တာတစ်ချက်၊ Sim Card နှစ်ကတ် လုံးသုံးမယ်ဆိုရင် SD Card သုံးလို့ မရတဲ့အချက်တစ်ချက်နဲ့ ရှေ့ကင် မရာမှာ ကင်မရာ Feature လေးနည်းနေတဲ့ အချက်တွေ ရှိနေပေမယ့် လည်း ကင်မရာတွေရဲ့ Megapixels တွေ၊ RAM ပိုင်း၊ ဖုန်းတွင်း Feature တွေ၊ Solid State Fingerprint စနစ်တွေကတော့ ဖုန်းရဲ့ဈေး နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် သုံးပျော်တဲ့အတွက် ဒီဖုန်းကလည်း ဈေးနှုန်းအ လယ်အလတ်စား ဖုန်းတွေထဲမှာ ရွေးချယ်စရာ တစ်ခုဖြစ်နေပါတယ်။
(၃၁၈,၀၀၀) ကျပ်
(၃၁၈,၀၀၀) ကျပ်
Xiaomi Redmi 4X

Budget ဖုန်းလို့ ပြောလို့ ရနိုင်တဲ့ ဈေးနှုန်း တစ်သိန်းကျော်ကျော် တန်ဖိုးနည်း စမတ်ဖုန်းတွေထဲမှာဆိုရင်တော့ Xiaomi ရဲ့ Redmi 4X ကိုရွေးချယ်ချင်ပါတယ်။ 2017 မေလမှာထွက်ထားတဲ့ဖုန်းဖြစ်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်အပိုင်းတွေနဲ့ ဖုန်းမှာပါတဲ့ Hardware ပိုင်းတွေကလည်း သူ့ရဲ့ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် သုံးပျော်တဲ့ အခြေအနေမှာ ရှိပါတယ်။ CPU က Octa-core 1.4 GHz, GPU ကတော့ Adreno 505 ဖြစ်ပြီး Chipset ကလည်း Qualcomm MSM8940 Snapdragon 435 ဆို တော့ ဒါတွေက ကောင်းတဲ့ အချက်အလက်တွေပါပဲ။ Memory က တော့ 16GB, RAM 2GB ကအနိမ့်ဆုံးဖြစ်ပြီး ဈေးနှုန်းနဲ့လိုက်ပြီး Memory အမြင့်ပိုင်းကိုလည်း ရွေးချယ်လို့ ရပါတယ်။ ကင်မရာလည်း နောက်ဘက်ကင်မရာက 13 Megapixels နဲ့ ရှေ့ကင်မရာကတော့ 5 Megapixels ဆိုတော့ ဓာတ်ပုံအတွက်လည်း အဆင်ပြေတဲ့ အခြေအနေ မျိုးမှာရှိပါတယ်။ Xiaomi ရဲ့ထုံးစံအတိုင်း ကင်မရာ Feature နဲ့ Effect တွေက တော့သိပ်များများစားစား ပါမှာမဟုတ်ပါဘူး။ Fingerprint လည်း ပါပါတယ်။ 720 X 1280 Resolution ရှိတဲ့ 5.0 လက်မ HD Screen နဲ့ Li-Po 4100 mAh ဘက်ထရီစနစ်တွေပါဝင်ပါတယ်။ MIUI 8 ဖြစ်တဲ့အတွက် မြန်မာစာအတွက်လည်းအဆင်ပြေနိုင်တဲ့အပြင် Fingerprint စနစ်၊ ကောင်းမွန်တဲ့ CPU, GPU နဲ့ ကင်မရာစနစ်တွေ အပြင် ဘက်ထရီပမာဏမြင့်မားခြင်းကလည်း ဒီဖုန်းကိုရွေးချယ်ချင်စရာ ဖြစ်နေစေပါတယ်။ ဝယ်ယူတဲ့အခါမှာတော့ Specification တွေ ကွဲလွဲသွားနိုင်တဲ့အတွက် China Version နဲ့ Global Version ကိုတော့သေချာခွဲခြားပြီး ဝယ်ယူသင့်ပါတယ်။
(16GB/ 2GBRAM) ၁၃၅,၀၀၀ ကျပ်
-ကိုသက်

Post a Comment