Android ဖုန်းတွေအားလုံးကိုမြန်မာစာထည့်သွင်းပေးနိုင်တဲ့ Zawgyi Myanmar Font Changer
Play Store ကနေဒေါင်းဖို့အဆင်ပြေသူများကတော့ Play Store ကနေအဓိကဒေါင်းပေးကြပါ။
<< ဒါက Play Store လင့်ပါ >>
Play Store ကနေဒေါင်းဖို့အဆင်မပြေသူများကတော့အောက်ပါလင့်ကနေတိုက်ရိုက်ဒေါင်းယူနိုင်ပါတယ်။
<< ဒီမှာပါ >>
အသုံးပြုနည်း===========
အသုံးပြုနည်းကတော့လွယ်ပါတယ်။ အကုန်လုံး One Click တွေပါပဲ :)
Samsung နဲ့ Oppo ဆို "ထည့်သွင်းမည်" ကိုနှိပ်ပြီး Install လုပ်ပေးပါ။ ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Myanmar (myFont) ကိုရွေးပေးပါ။ မူလအတိုင်းပြန်ထားချင်ရင် Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။ Vivo ကတော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်(၁)" ကိုနှိပ်ပါ။ မရရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Font တွေထဲမှာ Myanmar Font ကိုရွေးပြီး Apply လုပ်ပေးပါ။ မရသေးရင် File Manager ထဲကိုသွားပြီ Vivo Myanmar Font ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး Myanmar.itz သို့မဟုတ် Myanmar.txj ကိုဖွင့်ပြီး Apply လုပ်ပေးပါ။ မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။ Huawei ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။ Theme တွေထဲမှာ Myanmar Font ဆိုတဲ့ Theme ကိုရွေးပြီး Apply ပေးလိုက်ပါ။ မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။ Xiaomi ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး System Font သို့မဟုတ် Theme ထဲက Font ထဲမှာ Myanmar Font ဆိုတဲ့ Font ကိုရွေးပြီး Apply လုပ်ပေးလိုက်ပါ၊။ မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။ တကယ်လို့ကိုယ့်ဖုန်းကအပေါ်ကပြောခဲ့တဲ့ဖုန်းတွေမဟုတ်လို့ပဲဖြစ်ဖြစ် Root ရှိလို့ပဲဖြစ်ဖြစ် Other(#Root) ကိုနှိပ်ပြီး Root တောင်းလာရင် Grant သို့ Allow ပေးပြီးလက်ခံပေးလိုက်ပါ။ ပြီးရင် "ထည့်သွင်းမည်" ကိုနှိပ်ပြီး ၅ စက္ကန့်လောက်နေရင်ဖုန်းက Restart ကျသွားပါမယ်။ ပြန်တက်လာရင်တော့ ဘယ်နေရာသွားသွားမြန်မာစာအားလုံး Ok ပါပြီ ;') မူလအတိုင်းပြန်ထားချင်ရင် "မူလအတိုင်းပြန်လည်ထားရှိမည်" ကိုနှိပ်ပြီးပြန်ထားနိုင်ပါတယ် :D #ZawgyiMyanmarFontChanger
Post a Comment