Header Ads

header ad

Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ဘဝခရီးလမ်း အစိတ်အပိုင်းများ

ကမ္ဘာ့နာမည်အကြော်ကြားဆုံးစာရင်းထဲမှာ Facebook ရဲ့ CEO Mark Zuckerberg လည်းအပါအ၀င်ဖြစ်ပါတယ်။ Mark ဟာ သူစာသင်ကြားခဲ့တဲ့ Harvard ရဲ့အိပ်ခန်းဆောင်ကိုစွန့်ခွာ ပြီးနောက် Facebook ကိုတည်ထောင်ပြီးခဲ့ပြီး လက်ရှိချိန်မှာတော့ အသုံးပြုသူပေါင်း ၂ဘီလီယံ ရှိတယ်လို့ သိရပါတယ်။  အခုချိန်မှာတော့ Facebook ဟာ ကမ္ဘာအနှံ့မှာ အသုံးပြုသူပေါင်းအများအပြားရှိနေပြီး တခြည်းနည်းလမ်း တွေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်အသုံးပြုနိုင်အောင်လုပ်ဆောင်လျက်ရှိပါတယ်။
လက်ရှိအချိန်မှာ Mark ဟာ ဒေါ်လာ ၆၃ဘီလီယံ အသားတင်ဝင်ငွေ ရှိပြီး Amazon CEO Jeff Bezos ၊ Bill Gates နဲ့ Warren Buffet တို့ရဲ့နောက်မှာ ပဉ္စမမြောက် အချမ်းသာဆုံးအဖြစ်ရှိနေပါတယ်။
Facebook CEO Mark Zuckerberg ရဲ့ ဘ၀အစိတ်အပိုင်း ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Mark ဟာ အသက်၁၂ နှစ်အရွယ်မှာ Zucknet လို့ခေါ်တဲ့ Atari Basic ကိုအသုံးပြုထားတဲ့ Messaging Program တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းတွေအတွက် ကွန်ပျူတာဂိမ်း ကုဒ်ကိုလည်း ရေးခဲ့ပါသေးတယ်။
Mark ဟာ အထက်တန်းကျောင်းကို New Hampshire ရဲ့နာမည်ကြီး Phillips Exeter Academy မှာတက်ခဲ့တာပါ။ သူဟာ ကျောင်းတက်နေစဉ် ကာလတုန်းက လည်း Music Streaming Platform တစ်ခုကို ဖန်တီးခဲ့ပါသေးတယ်။ သူတည်ဆောက်ခဲ့တဲ့ ဒီ Platform ကို နာမည်ကြီးနည်းပညာ ကုမ္ပဏီ တွေဖြစ်တဲ့ Microsoft နဲ့ AOL က စိတ်ဝင်စားဖွယ်ပြခဲ့ပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်တုန်းက အလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့တာတွေကို ငြင်းပယ်ခဲ့ပါတယ်။
သူဟာကွန်ပျူတာ မှာတော်သလို “The Odyssey”  လိုမျိုး Classics တွေကိုလည်းနှစ်သက်တဲ့သူတစ်ယောက်ဖြစ်တဲ့ အပြင်  အထက်တန်းကျောင်းရဲ့ “ Fencing Team” အဖွဲ့ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။
2002 မှာ တော့ Mark ဟာ Harvard တက္ကသိုလ်မှာစတင်တက်ရောက်ခဲ့ပြီးတော့ အရည်အချင်းရှိတဲ့ Developer တစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပါတယ်။ သူထွင်ခဲ့တဲ့ “Face Mash” ကတော့ ကျောင်းမှာ တော်တော်လေး ထိရောက်ခဲ့ပြီး ကျောင်းစီမံခန့်ခွဲရေးရဲ့ ID တွေကို Hack ပြီး အတန်းဖော်တွေရဲ့ ရုပ်ပုံတွေကို အသုံးပြုခဲ့ပါတယ်။ “Face Mash “ ကိုထွင်ပြီးပြီးချင်း Website ပေါ်တင်ခဲ့တဲ့ ပထမလေးနာရီအတွင်းမှာပဲ Page Views ၂၂,၀၀၀ ခန့်ရရှိခဲ့ပါတယ်။ ကျောင်းရဲ့နည်းပညာလုံခြုံရေး အရာရှိတွေ သိပြီးတဲ့နောက်မှာတော့ သူ့ Website ကို ပြန်ဖြုတ်ချခဲ့ပြီး Mark ကိုလည်း Copyright နဲ့လုံခြုံရေးအတွက် ကျောင်းက သတိပေးခြင်းခံခဲ့ရပါတယ်။
ဒုတိယနှစ်တက်တဲ့အချိန်မှာ “The Facebook” ကို အခန်းဖော်သူငယ်ချင်းတစ်ချို့နဲ့ စတင်တည်ထောင်ခဲ့ပြီး ဒီအလုပ်ကို အာရုံစိုက်နိုင်ဖို့အတွက် ကျောင်းထွက်ခဲ့ပါတယ်။
Mark ဟာလူငယ်တစ်ယောက်ဖြစ်တဲ့အပြင် သူလုပ်ချင်တာကို ဂရုမစိုက်ပဲ တစ်စိုက်မတ်မတ်နဲ့လုပ်တတ်တဲ့သူဆိုတာ ကို အစောပိုင်း Facebook တည်ထောင်တုန်းက သူ့ရဲ့လိပ်စာကဒ်ကို ကြည့်ရှု ရုံနဲ့ သိနိုင်ပါတယ်။
နည်းပညာလောကမှာ နာမည်ကြီးတဲ့ CEO အများစုဟာ သူတို့ရဲ့ဇာတ်ကြောင်းကို ရုပ်ရှင်ပိတ်ကားအပေါ်မှာ ချပြတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် Mark ကတော့ ၂၀၁၀ မှာ “The Social Network” လို့အမည်ရတဲ့ Facebook ကိုတည်ထောင်ခဲ့တဲ့ သူ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကို ပိတ်ကားပေါ်ချပြခဲ့ပါတယ်။ ဒီကားဟာ အကယ်ဒမီဆုအဖြစ် ၈ကြိမ်ခန့် နာမည်စာရင်းတင်သွင်းခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဇာတ်လမ်းမှာပါဝင်တဲ့ Mark ရဲ့တစ်ချို့ အချက်အလက်တွေဟာ မမှန်ကန်ကြောင်း ပြောထားတယ်လို့သိရပါတယ်။
လက်ရှိအချိန်မျာ Facebook အသုံးပြုသူပေါင်း ကမ္ဘာအနှံ့ ၂ဘီလီယံခန့်ရှိပြီး ကုမ္ပဏီ ဟာ နှစ်စဉ် ၃လတစ်ခါ တိုင်းမှာ ကြော်ငြာတွေအတွက် ဘီလီယံပေါင်းများစွာ ရရှိပါတယ်။၂၀၁၂ ခုနှစ် မေလ ၁၈ရက်မှာ Facebook ကို Public မှာချပြခဲ့ပြီး နောက် အစမှာတင် ဒေါ်လာ ၁.၆ဘီလီယံထိ မြင့်တက်သွားခဲ့ပါတယ်။ ဒါဟာ နည်းပညာကုမ္ပဏီတွေရဲ့သမိုင်းမှာ အမြင့်မားဆုံးဖြစ်တယ်လို့ သိရပါတယ်။
Facebook ကို Public မှာ တရားဝင်ချပြပြီးတဲ့နောက်မှာတော့ Mark ဟာချစ်သူဖြစ်တဲ့ Chan နဲ့လက်ထပ်ခဲ့ပါတယ်။ ခမ်းနားကြီးကြယ်စွာ ကျင်းပခဲ့ခြင်းမရှိပေမယ့် အံ့အားသင့်ဖွယ်ကောင်းတဲ့ လက်ထပ်ပွဲ တစ်ခုဖြစ်တယ်လို့ တက်ရောက်ခဲ့သူတွေရဲ့ ပြောစကားအရသိရပါတယ်။ နာမည်ကျော် Green Day’s အဖွဲ့သားတွေဟာ Mark ရဲ့ မင်္ဂလာပွဲမှာ ပါဝင်တင်ဆက်ခဲ့ပါသေးတယ်။
Mark ဟာ တရုတ်ဘာသာစကားကို သင်ယူခဲ့ပြီး မိနစ် ၃၀စာ ဘာသာစကား အမေးအဖြေကဏ္ဍ ကိုစီစဉ်ပြီးတဲ့နောက် ၂၀၁၄မှာတော့ သူ့ရဲ့ Mandarin စကားပြောဟာ သိသိသာသာ ကောင်းမွန်လာခဲ့တယ်လို့သိရပါတယ်။၂၀၁၅ မှာတော့ Mark နဲ့ Chan တို့ဟာ သမီးလေးတစ်ယောက်မွေးဖွားခဲ့ပြီး နာမည်ကို Max လို့အမည်ပေးခဲ့ပါတယ်။ “ ကျွန်တော့်မိသားစု သေးသေးလေးမှာ သမီးလေးမွေးတာဟာ အရမ်းပျော်ရွှင်ဖို့ကောင်းပါတယ်” လို့ Mark ဟာ သူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။
Mark ဟာချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပေမယ့် အဲဒါနဲ့ပတ်သတ်ပြီး ထင်ပေါ်အောင်နေတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ နာမည်ကြီး CEO တစ်ယောက်ဖြစ်ပေမယ့် သူ့ဝတ်စားဆင်ယင်မှုကတော့ ခေါင်းစွပ်အနွေးထည် ဒါမှမဟုတ် တီရှပ် နဲ့ ဂျင်းဘောင်းဘီကိုသာ အမြဲဝတ်ဆင် တဲ့သူဖြစ်ပါတယ်။
သူမောင်းတဲ့ ကားအမျိုးအစားကတော့ ဒေါ်လာ ၃သောင်းတန် အနက်ရောင် Volkswagen GTI အမျိုးအစားဖြစ်ပြီး အဲ့ဒီကား အပြင် Acura TSX ကိုလည်းပိုင်ဆိုင်ပါသေးတယ်။ မကြာသေးခင်က သိရတဲ့သတင်းအရ Pagani Huayra Supercar ကို ဒေါ်လာ ၁.၃မီလီယံ နဲ့ဝယ်ယူလိုက်တယ် လို့သိရပါတယ်။ ဒါ့အပြင်သူဟာ ပရဟိတ လုပ်ငန်းလုပ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။
Mark ဟာ Facebook  အပြင်တခြား သူဝယ်ယူထားတဲ့ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Instagram မှာ ဒေါ်လာ ၁ဘီလီယံ ၊ WhatsApp မှာ  ဒေါ်လာ ၁၉ဘီလီယံ နဲ့ Oculus မှာ  ဒေါ်လာ ၂ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ၂၀၁၃ မှာ Snapchat ကိုဝယ်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် CEO Evan Spiegel က ရောင်းချခြင်းမရှိခဲ့ပါဘူး။
Mark ဟာ သူ့ကိုယ်သူ နှစ်တိုင်း စိန်ခေါ်မှုပြုလုပ်လေ့ရှိပါတယ်။ တစ်နှစ်မှာတော့ သူဟာ အသားတွေချည်းပဲစားပြီး သူ့ကိုယ်သူသတ်သေမလိုဖြစ်သွားပါတယ်။ နောက်တစ်နှစ်မှာတော့ သူဟာ စုစုပေါင်း ၃၆၅မိုင် ထိပြေးနိုင်ခဲ့ပါတယ်။
၂၀၁၇ အတွက် Mark ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိက ရဲ့ပြည်နယ်တိုင်းကိုအလည်အပတ် အဖြစ်သွားဖို့ပါပဲ။ သူ့ရဲ့ခရီးတစ်ထောက် ရပ်နားရာနေရာတိုင်းမှာ ပြည်သူတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်နေ့မှာ Mark ဟာ သမ္မတရွေးကောက်ပွဲ ၀င်ဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ Mark ဟာဒီအကြောင်းကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
May 2017 မှာတော့ Harvard ကိုပြန်လည်ရောက်ရှိခဲ့ပြီး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်အငယ်ဆုံး Speaker အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
Mark ရဲ့မိန့်ခွန်းမှာပြောကြားသွားတာတွေကတော့ စိတ်အားထက်သန်စရာကောင်းလှပါတယ်။ သူဟာနိုင်ငံရေးမှာ အရေးပါတဲ့  ရာသီဥတု အပြောင်းအလဲ ၊ Universal Basic Income ၊ Criminal Justice Reform နဲ့ Modernizing Democracy စတဲ့ ခေါင်းစဉ်တွေကို ပြောဆိုခဲ့ပါတယ်။
Mark ဟာ နှစ်စဉ်နှစ်တိုင်း Developer Conference ပြုလုပ်ပြီး ကုမ္ပဏီရဲ့ တိုးတက်မှုလမ်းကြောင်းနဲ့ ရှေ့ဆက်မယ့်လမ်းကြောင်းကို ပြောဆိုခဲ့ပါတယ်။ ဒီ Conference ကို စိတ်ပါဝင်စားသူတွေဟာနှစ်စဉ် ထောင်နဲ့ချီပြီးတက်ရောက်ခဲ့ပါတယ်။
Jan (Akhayar)
Ref: Business Insider

No comments

Powered by Blogger.