Header Ads

header ad

အာကာသအကြောင်းလေ့လာချင်တယ်ဆိုတဲ့ ITPEC ရဲ့ အသက်အငယ်ဆုံးဖြေဆိုအောင်မြင်သူ မောင်ဝေယံမြင့်မိုရ်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း MCPA ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ က ကြီးမှူးကျင်းပခဲ့တဲ့ နိုင်ငံပေါင်း ရှစ်နိုင်ငံအသိအမှတ်ပြု ITPEC Exam (IP) စာမေးပွဲရဲ့ အောင်စာရင်းမှာ ထိပ်ဆုံးက အောင်ခဲ့တဲ့ ကလေးတစ်ယောက်ပါရှိလာပါတယ်။ မောင်ဝေယံမြင့်မိုရ်ဟာ ဒီစာမေးပွဲမှာ အသက် ၁၂ နှစ်နဲ့ အငယ်ဆုံး ဖြေဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ITPEC စာမေးပွဲဟာ အာဆီယံနိုင်ငံများမှာ ကျင်းပတဲ့ သတင်းအချက်အလက် နည်းပညာစာမေးပွဲများထဲက တစ်ခု ဖြစ်ပြီး စာမေးပွဲအဖြစ် နှစ်စဉ်ကျင်းပလာတာ နှစ်ပေါင်း ၁၂ နှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီစာမေးပွဲကို ဖိလစ်ပိုင် ၊ ထိုင်း ၊ ဗီယက်နမ် ၊ မြန်မာ ၊ မလေးရှား ၊ မွန်ဂိုလီးယား ၊ ဂျပန်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံ ရှစ်နိုင်ငံမှာ ကျင်းပမြဲ ကျင်းပနေပါတယ်။ ITPEC IP စာမေးပွဲမှာ အမှတ်ပေး ၁၀၀၀ ပေးထားတဲ့အနက်မှ ၆၀% (ပွိုင့် ၆၀၀ ) နဲ့ ဘာသာရပ်သုံးခုဖြစ်တဲ့ Strategy မှာ အမှတ် ၁၁၀ နဲ့ အထက် ၊ Management မှာ ၈၀ နဲ့ အထက် ၊ Technology ဘာသာရပ်မှာ ၁၂၅ မှတ်နဲ့ အထက် ရရှိမှ အောင်မြင်မှာ ဖြစ်ပါတယ်။
မြန်မာအိုင်တီလောကအတွက် ဂုဏ်ယူစရာ မျိုးဆက်သစ်အိုင်တီသမားလေး မောင်ဝေယံမြင့်မိုရ်နဲ့ Internet Journal တို့ ရဲ့ တွေ့ ဆုံမေးမြန်းခန်းမှာ အာကာသအကြောင်း လေ့လာတဲ့ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတည်းက သချာင်္မှာ ဥာဏ်ထက်သူဖြစ်လို့  ITPEC စာမေးပွဲအတွက် ပြင်ဆင်ချိန်သိပ်မရတဲ့ ကြားက ယခုစာမေးပွဲကို ထိပ်တန်းက အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာမေးပွဲကို အကိုဖြစ်သူ မောင်ရဲရင့်မြင့်မိုရ် နဲ့ အတူတူ ပြင်ဆင်ခဲ့တာပါ။ ယခု ITPEC IP စာမေးပွဲပြီး အောင်မြင်ပြီးနောက် ITPEC FE (Fundamental Information Technologu Engineer Exam) ကို ထပ်ဖြေသွားမယ်လို့ လည်း ဆိုပါတယ်။
ရည်မှန်းချက် ကြီးမားပြီး အိုင်တီပိုင်းမှာ ထူးချွန်တဲ့ ဒီလူငယ်လေးများဟာ အနာဂါတ်မြန်မာ့အိုင်တီလောကမှာ စောင့်ကြည့်ရမယ့် ပညာရှင်ဖြစ်လာဖို့ ရှိပါတယ်။
Credit: Duwun

No comments

Powered by Blogger.